ပဲသီးတောင့်ရှည်တွေဟာ နေ့စဥ်စားသုံးနေကျ ဟင်းလျာတွေထဲမှာ မကြာခဏ တွေ့ရတတ်လေ့ရှိတဲ့ အသီးအရွက်တစ်မျိုးပါ။ အိမ်ချက်ဖြစ်ဖြစ်၊ စားသောက်ဆိုင်တွေမှာပဲဖြစ်ဖြစ် ပြုတ်စားမလား၊ ကြော်စားမလား အမျိုးမျိုးလုပ်စားနိုင်တဲ့အပြင် တစ်ခါတစ်လေဆို အစိမ်းလိုက်တောင် ထည့်သွင်းစားသုံးတတ်ကြပါသေးတယ်။

အခုလို မကြာခဏ စားသုံးလေ့ရှိတဲ့ ပဲသီးတောင့်ရှည်တွေမှာ ကျန်းမာရေးအသိပညာအရ အာဟာရဓာတ်ဘယ်လောက်ပမာဏပါဝင်နေသလဲ၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကရော ဘယ်လောက်တောင်ကြွယ်ဝနေသလဲဆိုတာကိုတော့ လူအများစုသိကြသေးမှာမဟုတ်တာမို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ဖိုက်ဘာ

ပဲသီးတောင့်ရှည်တွေဟာ ဖိုက်ဘာကြွယ်ဝစွာပါဝင်ပြီး ပျော်ဝင်လွယ်တဲ့အမျိုးအစားဖြစ်တာမို့ ကိုယ်တွင်းရှိ သွေးချိုပမာဏပုံမှန်ဖြစ်အောင် ထိန်းသိမ်းရာမှာ အထူးကောင်းမွန်ပါတယ်။

ကယ်လ်စီယမ်

အရိုးနဲ့သွားကျန်းမာသန်စွမ်းဖို့အတွက်သာမက အာရုံကြောနဲ့ ကြွက်သားတွေပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လည်း အခြေခံကျတဲ့ သတ္တုဓာတ်တစ်မျိုး ကယ်လ်စီယမ်ကိုလည်း ပဲသီးတောင့်ရှည်စားသုံးခြင်းဖြင့် ရယူနိုင်ပါတယ်။

ဖော့စ်ဖောရပ်စ်

အားအင်ထုတ်လုပ်မှုနှင့် အရိုး၊ သွားဖွဲ့စည်းတည်ဆောက်မှုအတွက် နောက်ထပ်အရေးပါတဲ့ ဖော့စ်ဖောရပ်ကလည်း ပဲသီးတောင့်ရှည်ထဲမှာ ပါဝင်နေပါသေးတယ်။

ပိုတက်စီယမ်

အာရုံကြောဖွဲ့စည်းမှု၊ အလုပ်လုပ်မှုတို့အတွက်သာမက ကြွက်သားတွေအတွက် အထူးအရေးပါတဲ့ ပိုတက်စီယမ်ဟာဆိုရင်လည်း ပဲသီးတောင်းရှည်ကပေးစွမ်းနိုင်တဲ့ အာဟာရဓာတ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။