၀မ်းဗိုက်မှာ အဆီတွေ စုနေတာဟာ အလှပျက်စေသလို ကျန်းမာရေး ဆိုးကျိုးတွေပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်ခန္ဓာထဲက အဆီကို လျှော့ချတာထက် ဝမ်းဗိုက်ထဲက အဆီကို လျှော့ချတာဟာ ပိုပြီး ခက်ခဲပါတယ်။ အစားအစာအချို့ကို နည်းလမ်းမှန် စားသုံးပေးရင်း လေ့ကျင့်ခန်းအချို့ကို လုပ်ပေးမယ်ဆိုရင်တော့ အဆီတွေကျပြီး ဗိုက်ကို ချပ်ရပ်စေပါတယ်။
ဗိုက်ကို အဆီတွေ စုနေစေတဲ့ အကြောင်းပြချက်တွေကတော့ အများကြီးပါ။ စိတ်ဖိစီးမှုတွေများရင်၊ ညစာနောက်ကျမှစားရင်၊ အစာစားပြီးတန်းအိပ်ရင်၊ အထိုင်များရင်၊ သွေးဆုံးချိန်ရောက်ရင် စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ အဆီတွေဟာ ဗိုက်မှာ စုနေပါတယ်။
နည်းလမ်း ၁
မနက်အိမ်ရာထချိန်မှာ ရေနွေးတစ်ခွက်ထဲကို သံပုယိုသီး လှီးထည့်ပြီး သောက်ပါ။ ဂျင်းအနည်းငယ်နဲ့ ပျားရည်အသစ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်သောက်ရင် ပိုကောင်းပါတယ်။ ကိုယ်ခံအားကိုပါ မြင့်တက်ပြီး အဆီကျစေနိုင်ပါတယ်။
နည်းလမ်း ၂
အစာ မစားခင် ရေသောက်ပါ။ တစ်နေကုန် ရေများများ သောက်ပါ။ ရေခဲရေ လုံး၀ မသောက်ပါနဲ့။
နည်းလမ်း ၃
နေ့လယ် ၁၂ နာရီ မတိုင်ခင် သစ်သီးတစ်လုံးစားပေးပါ။
နည်းလမ်း ၄
တစ်နေ့စာ စားတဲ့ အစားအစာတွေကို ကယ်လိုရီတွက်စားပါ။ အဆီကို လောင်ကျွမ်းစေနိုင်တဲ့ အစားအစာတွေကို စားပေးပါ။ အထူးသဖြင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို စားပါ။ ဆီနဲ့ အငန် လျှော့စားပါ။
နည်းလမ်း ၅
လက်ဖက်စိမ်းရည်သောက်ပါ။ Green Tea ဟာ အဆီကျစေနိုင်ပြီး ကောင်းမွန်တဲ့ ပိုးတွေကို ကာကွယ်ပေးပါတယ်။
နည်းလမ်း ၆
ကောင်းမွန်တဲ့ အဆီတွေဖြစ်တဲ့ ငါးကြီးဆီ၊ သံလွင်ဆီ၊ အစေ့အဆံတွေကို စားပေးပါ။
နည်းလမ်း ၇
မနက်စာ စားပါ။ အိပ်ချင်ကို ပုံမှန် အိပ်ပါ။ လေ့ကျင့်ခန်းတစ်မျိုးကို နေ့တိုင်း လုပ်ပေးပါ။
Credit: Healthy Tips