ခါးပတ်လည်မှာ အဆီတွေ စုနေပြီး ၀ လာပါသလား? ဝလာတယ် ဝိတ်ချဖို့ လိုတယ် ဆိုတာကတော့ အခုတလော ကြားကြားနေရတဲ့ စကားသံတွေပါပဲ။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လိုနေပြီ အဆီပိုတွေကို လျော့ချဖို့ လိုနေပြီဆိုရင်တော့ နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲဖို့ လိုလာပါပြီ။ တက်လာသမျှ Weight ကို လျော့ချဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပါဘူး။

ဒါပေမယ့် ခပ်မြန်မြန် Weight တွေ မတက်လာဖို့တော့ ထိန်းလို့ရပါတယ်။ ဝိတ်ချဖို့ သောက်သုံးတဲ့ Detox Water တွေဆိုရင်လည်း အခု လူတိုင်းလိုလို သောက်နေကြပါတယ်။ အခု ပြောမယ့် နည်းလမ်းတွေကလည်း သောက်သုံးရမယ့် နည်းတွေပါပဲ။

၁။ ဘလက်ကော်ဖီ

သင်ဟာ ဝိတ်ကျချင်လာပြီဆိုရင်တော့ ကော်ဖီစစ်စစ်လို့ ခေါ်တဲ့ ဘလက်ကော်ဖီကို သကြားတွေ နို့တွေ မပါဘဲ သောက်သုံးပေးရပါမယ်။

၂။ Juice

လတ်ဆတ်တဲ့ အသီးတွေကနေ ပြုလုပ်ထားတဲ့ Juice တွေကို နေ့တိုင်းသောက်ပေးမယ်ဆိုရင် ဝိတ်ကို ထိန်းပေးပြီး အစာပြေစေပါတယ်။ အထူးသဖြင့် မုန်လာဥနီနဲ့ ခရမ်းချဉ်သီး ဖျော်ရည်တွေပါ။ ဝိတ်မြန်မြန် ကျချင်သူတွေကတော့ ဂျင်းနည်းနည်း ထည့်သောက်ကြပါတယ်။ ဒီ အသီးဖျော်ရည်တွေဟာ အမျှင်ဓာတ်နဲ့ အာဟာရတွေကိုပါ ပေးတဲ့အတွက် ဘေးထွက်ဆိုးကျိုး မရှိပါဘူး။

၃။ လက်ဖက်စိမ်း

Green Tea မှာ Flavonoids တွေ ပါဝင်တဲ့အတွက် သဘာဝအတိုင်း ခါးပတ်လည်က အဆီတွေကို ချေဖျက်ပေးပြီး ဝိတ်ကျစေပါတယ်။ အစာ စားပြီးတိုင်း သောက်ပေးပါက ပိုကောင်းပါတယ်။

၄။ ဂျင်းနဲ့ သံပုရာသီး ဖျော်ရည်

ရေတစ်ခွက်ကို ဂျင်းလက်တစ်ဆစ်စာကို အရည်ညှစ်ပြီး  သံပုရာသီး တစ်လုံး ထည့်ပြီး စိမ်သောက်ပါ။ ဒါက သွေးလည်ပတ်မှုကိုလည်း အားပေးပြီး အဆီတွေကိုလည်း ချေဖျက်ပေးပါလိမ့်မယ်။ အစာအိမ်ရှိသူတွေ အတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

၅။ Dandelion Tea

Dandelion ဆိုတာကတော့ အလေ့ကျပေါက်လေ့ရှိတဲ့ အပင်တစ်မျိုးပါပဲ။ အဝါရောင် ပန်းပွင့်လေးတွေ ပွင့်တတ်တဲ့ အပင်လေးပါ။ သူရဲ့ အမြစ်ကို အခြောက်လှန်းပြီး ရေနွေးနဲ့ စိမ်သောက်ပေးရင် ဝိတ်ကျစေပါတယ်။

Credit: zeenews