ပျားရည်ဆိုရင် ချိုတဲ့ အရသာရှိတာကြောင့် ကိုယ်အလေးချိန် တက်စေတယ်လို့တွေးတတ်ကြတာတွေ ရှိပါတယ်။

အမှန်တော့ ပျားရည်က ကိုယ်အလေးချိန်မတက်စေတဲ့အပြင် ကျအောင် ကူညီပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းဖို့

သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကို ရောပြီး ကိုယ်အလေးချိန် ကျဆင်းအောင် သောက်ကြရအောင်။

သစ်ကြမ်းပိုးခေါက်မှာ အဆီတွေ လောင်ကျွမ်းစေနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီအပြင် ဇီဝကမ္မဖြစ်စဉ်ကိုအားကောင်းစေတာကြောင့် ကိုယ်အလေးချိန်ကို ပိုကျစေပါတယ်။

ပျားရည်မှာလည်း ကိုယ်အလေးချိန်ကျဆင်းနိုင်တဲ့ ဓာတ်တွေပါဝင်တာကြောင့် သစ်ကြမ်းပိုးခေါက်နဲ့ဆိုရင် အတွဲညီညီနဲ့ မလိုအပ်တဲ့ အဆီပိုတွေ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေပါတယ်။

ပြုလုပ်နည်း

ရေတစ်ခွက်စာထဲကို ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း ကို သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပြီး ရောပါ။

ပြီးရင် အပူပေးပြီး ပွက်ပွက်ဆူလာတဲ့အထိ စောင့်ပြီး အအေးခံပါ။ ပူနွေးနွေးရှိနေတဲ့အချိန်မှာ သောက်သုံးနိုင်ပါတယ်။