ဖျော်စက်ထုတ်ပြီး အသီးအနှံတွေဖျော်သောက်ရတာ ကောင်းပေမယ့် ဖျော်စက်ပြန်ဆေးတဲ့အလုပ်ကတော့ အရမ်းကို ရှုပ်ပါတယ်။ တချို့စက်တွေဆိုရင် တစ်ခုချင်းစီ ပြန်ဖြုတ်၊ ပြန်တပ်ရနဲ့ အလုပ်ရှုပ်ပါတယ်။

ပြုလုပ်နည်း

ဖျော်စက်ထဲမှာ ဖျော်ရည်ထည့်ဖျော်ပြီးပြီဆိုရင် ဖျော်စက်ထဲကို ရေထည့်၊ ဆပ်ပြာ အနည်းငယ်ထည့်လိုက်ပါ။ ပြီးရင် စက္ကန့် ၃၀ လောက် ဖျော်စက်ကို မွှေလိုက်ပါ။

ပြီးရင် ဆပ်ပြာရည်တွေ သွန်လိုက်ပြီး အလွယ်တကူ ရေဆေးချလိုက်ရုံနဲ့ ဖျော်စက်က သန့်ရှင်းသွားပါလိမ့်မယ်။

တစ်ညလုံး ဖျော်စက်ကို မဆေးဘဲ ထားမိပြီး မနက်မှ ပြန်ဆေးမယ်ဆိုရင်

ဖျော်စက်ထဲကို ဆပ်ပြာရေနွေးနွေး၊ အဖြူရောင်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း တို့ကို ရောထည့်ပြီး မွှေလိုက်ပါ။ ဒါဆိုရင် အနံ့အသက်ကောင်းပြီး အလွယ်တကူ ပြန်ဆေးလို့ ရသွားပါလိမ့်မယ်။