မင်းဂွတ်သီးနဲ့ ကင်ဆာအကြောင်းကို သိကြသူတွေများပါတယ်။ တကယ်အကျိုးများစေတဲ့အရာမို့ ပြန်ပြီး မျှဝေလိုက်ပါတယ်။ မင်းဂွတ်သီးနဲ့ ပတ်သက်လို့ စားသုံးသူတွေ ပြန်လည်မျှဝေတဲ့ ဆောင်းပါးတွေကိုလည်း ဖတ်ရပါတယ်။
Source: technopow.com
မင်းဂွတ်သီးရဲ့ အာနိသင်တွေကတော့ Xanthone လို့ခေါ်တဲ့ ဓာတ်ဟာ အားအင်ကို ဖြစ်စေပြီး ခုခံအားကို တိုးပွားစေနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေကို နည်းသွားစေပြီး အဆီကျ စေပါတယ်။ အယောင်ကျစေနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ ဒီဓာတ်ဟာ မင်းဂွတ်သီးရဲ့ အပြင်အခွံနဲ့ အစေ့မှာ အများဆုံး ပါရှိပါတယ်။ ဒါကြောင့် မင်းဂွတ်သီးကို ကင်ဆာအတွက် ဆေးဖော်မယ်ဆိုရင်တော့ တစ်လုံးလုံးမှာ ပစ်စရာမရှိအောင် အသုံးဝင်လှပါတယ်။
မင်းဂွတ်သီး ဖျော်ရည်ကို လုပ်သောက်မယ်ဆိုရင်တော့ အိမ်မှာ ကိုယ်တိုင်လုပ်သောက်တာ အကောင်းဆုံးပါပဲ။ မင်းဂွတ်သီးကို ဝယ်ပြီး ရေစင်စင်ဆေးပါ။ အညှာနဲ့ ရွက်ဖက်ချက်တွေကို ဖယ်ပြီး ကြိတ်လို့လွယ်အောင် အခွံနဲ့ အစေ့ကို အတုံးလေးတွေ လှီးထားပါ။ အားလုံးကို ဖျော်ရည်စက်ထဲ ထည့်ပြီး ရေတစ်ဝက်လောက် ထည့်ပါ။ အားလုံးကို ညက်အောင် ကြိတ်ပါ။ ပျစ်ပျစ်အနှစ်တွေ ရတဲ့အထိ ပြုလုပ်ပါ။ဖန်ပုလင်းမှာ လေမခိုအောင်သိပ်ပြီး Freezer ခဲခန်းထဲမှာ သိမ်းပြီး တစ်နှစ်ပတ်လုံး စားလောက်အောင် သိမ်းထားလို့ ရပါတယ်။
ကိုးကား – မင်းဂွတ်သီးအကြောင်း သိကောင်းစရာ (၂)
Credit: healthtips