တချို့ စားသုံးကုန်တွေမှာ ကျန်းမာရေးနဲ့သင့်လျော်တာတို့၊ သကြားမပါတဲ့ အစားအစာ (Sugar Free) တို့၊ Diet တို့ စကားလုံးတွေတပ်ထားတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တာမဟုတ်ပါဘူး။

Diet Soda ကို ကျန်းမာရေးနဲ့သင့်လျော်တဲ့ ကယ်လိုရီပါဝင်မှုနည်းတဲ့အချိုရည်တွေအဖြစ် ကြော်ငြာကြပါတယ်။

images
အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူ၅ ယောက်မှာ ၁ ယောက်လောက်က နေ့တိုင်းနီးပါး Diet Soda ကို သောက်ကြပါတယ်။

ဒါကြောင့် University of Iowa Health Care Hospitals and Clinics က ဒေါက်တာ Dr. Ankur Vyas က နှလုံးရောဂါနဲ့ Diet Soda တွေရဲ့ ဆက်စပ်ပုံကို ၉ နှစ်အကြာ သုတေသနပြုလုပ်ခဲ့ပါတယ်။


တစ်နေ့ကို Diet Soda သံဗူး ၂ ဗူးနဲ့အထက် သောက်သုံးသူတွေဟာ နှလုံးရောဂါ ခံစားရနိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။ Diet Soda မသောက်သုံးသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါဖြစ်ပွားနိုင်နှုန်း ၅၀ ရာခိုင်နှုန်းပိုများပါတယ်။ တချို့လူနာတွေမှာ လေဖြတ်တဲ့ ရောဂါတွေပါ တွေ့လာခဲ့ပါတယ်။