သင်ဟာ ကိုယ်အလေးချိန် လျှော့ချနေသူ တစ်ဦးဆိုရင်တော့ မဖြစ်မနေ စားပေးရမယ့် အစားအစာ ၇ မျိုး ရှိပါတယ်။ အဆီတွေကို တိုက်ထုတ်ပေးပြီး ကျစ်လစ်တဲ့ အသားတွေ ပြန်ရဖို့ အစားအစာဟာလည်း အရေးကြီးသလို လေ့ကျင့်ခန်းကလည်း အဓိက ကျပါတယ်။

နှစ်ခုကို မျှတအောင် လုပ်ပေးမယ်ဆိုရင်တော့ သိပ်မကြာခင်မှာပဲ လှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။

၁။ ပန်းသီး

ပန်းသီးကတော့ အဆီကျစေတဲ့ အက်ဆစ်ဓာတ်တစ်မျိုး ပါဝင်ပြီး ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ အစာ စားချင်စိတ်ကို ထိန်းပေးတဲ့အတွက် ပန်းသီးဟာ ဝိတ်ချနေသူတွေ အတွက်တော့ အဖော်မွန်ပါပဲ။ တစ်ခု သတိထားရမှာက ပန်းသီးကို အခွံတွေ မနွှာဘဲ စားဖို့ပါ။ ရေနဲ့ သေချာဆေးပြီး အခွံ့မနွှာဘဲ စားပါ။

၂။ သစ်တော်သီး

Antioxidant တွေ ဖြစ်တဲ့ ဖလေဗိုနွိုက်နဲ့ကက်တီချင်တွေကြောင့် အဆီကို လောင်ကျွမ်းစေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ အရည်ရွှမ်းပြီး အရသာ ကောင်းတာကြောင့် စားဖို့ မငြင်းသင့်တဲ့ အသီးပါ။

၃။ လိမ္မော်သီး

လိမ္မော်သီးဟာ အဆီကို လောင်ကျွမ်းစေပြီး ကိုယ်ခံအားကိုလည်း တက်စေပါတယ်။

၄။ ဘလူးဘယ်ရီသီး

မြန်မာမှာတော့ ဈေးကြီးလို့ စားသူ နည်းပါတယ်။  အထူးသဖြင့် ဝမ်းဗိုက်တစ်ဝိုက်က အဆီတွေကို လျှော့ပေးတာပါ။ ဘယ်ရီမျိုးနွယ်ဝင် စတော်ဘယ်ရီသီးကို စာရင်လည်း ရပါတယ်။

၅။ ငါး

ငါးစားခြင်းဟာ ကောင်းမွန်တဲ့ အဆီတွေကို ရစေပြီး မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်းပေးပါတယ်။ ကိုယ်အလေးချိန် ထိန်းနေသူတွေ ဆိုရင်ရော အခြား အသားထက် ငါးပဲ စားပါလို့ အကြံပြုပါရစေ။

၆။ နွားနို့

ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ နွားနို့ကို သောက်ပေးရင် အဆီမတက်စေဘဲ ကြွက်သားတွေ သန်မာလာစေပါတယ်။ အသားကျစ်စေဖို့ လေ့ကျင့်ခန်း လုပ်တဲ့လူတွေ သောက်သင့်ပါတယ်။

Credit: prevention.com