မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နဲ့ မြန်မာပြည် အောက်ပိုင်း ဒေသအချို့မှာ စိုက်ပျိုး အောင်မြင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သလည်းသီးလို့ ခေါ်ပြီး ဥရောပ၊ အာဖရိ၊ အမေရိကန်၊
အာရှ အစရှိသဖြင့် နေရာစုံမှာ ဒေသစုံ မှာ ပေါက်တတ်တဲ့ အပင် ဖြစ်ပါတယ်။

သလည်းသီးဟာ သဘာဝအလျောက်ကို ဆေးဖက်ဝင်နေတဲ့ အသီး ဖြစ် ပါတယ်။ Vitamins C, K, Folate, Thiamin, Dietary Fiber, Antioxidants အစရှိတဲ့ ဆေးဖက်ဝင် အာဟာရဓာတ် များစွာ ပါဝင်ပြီ အဓိက တိုက် ဖျက်ပေးတဲ့ ရောဂါ ကတော့ ကင်ဆာ ဖြစ်ပါတယ်။ အူမကြီး ကင်ဆာ၊ ရင်သား ကင်ဆာ၊ အမျိုးသား ဆီးလမ်းကြောင်းပိတ် အကြိတ်ကင်ဆာ တို့ကို တိုက်ဖျက်ပေးတာ ဖြစ်ပါတယ်။

ပြီးတော့ အယ်လ်ဇိုင်းမားတို့လို ဦးနှောက်တဲ့ သက်ဆိုင်တဲ့ ရောဂါများကို လည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရိုးအဆစ်ရောင်နာ ရောဂါ ရှိသူများအတွက်လည်း ဝေဒနာ သက်သာစေပါတယ်။ ဒါကြေင့် သလည်းသီးဟာ မှီဝဲ စားသုံးသင့်တဲ့ အသီးတစ်မျိုး ဖြစ်တယ် လို့ ဆေးပညာရှင်များက ထောက်ခံထားကြောင်း သိရပါတယ်။

Ref: medic-facts
Credit: အာင်ခမ်း (ရိုးရာလေး)