ရေသောက်နည်းခြင်းဟာ ဉာဏ်ရည် နိမ့်ကျမှုနဲ့ ဆက်စပ်ကြောင်း အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်တစ်ခုက သုတေသန ပြုလုပ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်းလောက်တုန်းက ဖြစ်ပါတယ်။ ယင်း သုတေသနအရ အောက်ပါအတိုင်း ဖြစ်ပါတယ်။ လူတွေဟာ ၎င်းတို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၁ ရာခိုင်နှုန်းကနေ ၂ နာရီခိုင်နှုန်းလောက်အထိ လျော့ကျသွားရင် ရေလျော့လို့ လျော့မှန်း မသိကြသေးပါဘူး။

ဒါကြောင့်မို့ အများစုဟာ ရေကို ဆာမှသောက်သုံးကြပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့အကျင့် မဟုတ်ပါဘူး။ ရေကို ဆာမှ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများက ရေကို လိုအပ်ပြီးတော့ အရေးကြီး တရားဝင်တောင်းဆိုမှ သောက်သုံးတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီတော့ ရေကို ဘယ်အစိတ်အပိုင်းတွေက သုံးစွဲသလဲဆို ဦးနှောက်ကလည်း သုံးစွဲပါတယ်။

သူ့အနေနဲ့ ရေဓာတ်မလုံလောက်ရင် ခေါင်းမူးတာတို့ မှတ်ဉာဏ်ချို့ယွင်းတာတို့. အာရုံစူးစိုက်မှု အားနည်းလာတာတို့အပြင် ခေါင်းကိုက်၊ မူးမေ့ခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဦးနှောက်ရဲ့ ရေဓာတ်လိုအပ်မှု အရမ်းများသွားတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ရေကို ဆာမှသာ သွားသောက်နေရင် ဒါဟာ ကိုယ်တွင်း အစိတ်အပိုင်းများက တောင်းဆိုနေမှ သောက်သုံးခြင်း ဖြစ်တာကြောင့် အနည်းဆုံး ၂ ရာခိုင်နှုန်းလောက်က သာမန်ထက် နည်းပါးသွားနေပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရေဓာတ်နည်းသူဟာ ရေဓာတ်များသူနဲ့စာရင် ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်နည်းပြီး ရေပုံမှန်မသောက်ပါက ဉာဏ်ရည်နိမ့်ကျစေကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ မိမိဟာ ရေကို သွားလာနေစဉ်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေစဉ်ပဲဖြစ်ဖြစ် သတိတရနဲ့ အမြဲသောက်တတ်စေဖို့ အကြံပေးထားပါတယ်။

Ref: nextshark.com

Credit: အောင်ခမ်း (ရိုးရာလေး)

Featured Image Source: iProperty.com