အသားတွေ၊ ဟင်းသီးဟင်းရွက်တွေ လှီးတဲ့နေရာမှာ စဉ့်နှီးတုံးကို ဘယ်လို ဂရုစိုက်သင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

စဉ့်နှီးတုံး ၁ခုတည်းပေါ်မှာ အသားရော၊ ဟင်းသီးဟင်းရွက်ကော လှီးနေပါသလား။

Photo Credit: www.countryliving.com

အသားငါးတွေ လှီးတဲ့ စဉ့်နှီးတုံးနဲ့ အသီးအရွက်တွေ လှီးတဲ့ စဉ့်နှီတုံးကို သက်သတ်ထားပေးပါ။ မဟုတ်ရင် အသားတွေမှာပါဝင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေက စဉ့်နှီးတုံးပေါ်မှာ ကျန်ပြီး ဟင်းသီးဟင်းရွက်ဆီရောက်ရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။

တခါတလေ အလွယ်တကူ ခရမ်းချဉ်သီးကို စဉ့်နှီးတုံးပေါ်တင်လှီးပြီး အစိမ်းစားတာမျိုးတွေ လုပ်လေ့ရှိတာကြောင့်ပါ။

စဉ့်နှီးတုံးတွေ မရောသွားအောင် အရောင်ခွဲထားပါ။ ဥပမာ အနီရောင် စဉ့်နှီးတုံးဆိုရင် အသား၊ငါး လှီးဖို့၊ အစိမ်းရောင်ဆိုရင် ဟင်းသီးဟင်းရွက် လှီးဖို့ ခွဲထားပါ။ အရောင်တူနေရင်လည်း အမှတ်အသားလုပ်ထားပါ။

စဉ့်နှီးတုံး ချော်နေပါသလား

စဉ့်နှီးတုံး ကို ခံပြီး လှီးတဲ့နေရာမှာ စဉ့်နှီတုံးချော်နေရင် အချိန်ကုန်ပါတယ်။ စဉ့်နှီးတုံးရဲ့ အောက်မှာ အဝတ်တစ်ခုခုခံပြီး လှီးပါ။

စဉ့်နှီးတုံးက အရမ်းမသေးပါနဲ့

စဉ့်နှီးတုံးအရမ်းသေးရင် ဓားက အောက်မှာရှိတဲ့ ကြမ်းပြင်ကို ထိပြီး အစင်းရာတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အရမ်းသေးတဲ့ စဉ့်နှီးတုံးကို မဝယ်ပါနဲ့။

စဉ့်နှီးတုံးက ဖန်၊ Marble အသားမသုံးပါနဲ့

Photo Credit: www.crateandbarrel.com

တချို့ စဉ့်နှီးတုံးတွေက ဖန်တွေ၊ Marble အသားတွေ အလှဆင်ကြပါတယ်။ တကယ်တမ်း ဓားနဲ့လှီးတဲ့အခါမှာ ချော်ထွက်နေလို့ အဆင်မပြေပါဘူး။

ဝါး စဉ့်နှီးတုံး အသုံးပြုရင်

ဝါးက သစ်သားထက်ပိုမာတာကြောင့် ဓားတွေကို အလွယ်တကူ တုံးစေပါတယ်။ ဒါ့ကြောင့် ဓားစဉ့်နှီးတုံးအသုံးပြုရင် အိမ်မှာ ဓားသွေးစက် သို့ ဓားသွေးကျောက်ထားထားပါ။

စဉ့်နှီးတုံးကို လဲလှယ်ပေးပါ

စဉ့်နှီးတုံးက အသုံးပြုတာကြာလာရင် ပြောင်အောင် ဆေးကြောဖို့ ခက်လာပါတယ်။ ဘက်တီရီးယားတွေပိုနေလာနိုင်တာကြောင့် လဲလှယ်ပေးသင့် ပါတယ်။