ဒန့်သလွန်က တခြားသော ဟင်းသီးဟင်းရွက်တွေထက်စာရင် အာဟာရဓာတ်ပါဝင်မှုများတာကြောင့် နိုင်ငံတကာမှာအသုံးများကြပါတယ်။

ဒန့်သလွန်ရွက်က ကိုက်လန်အရွက်ထက် သံဓာတ်၊ ပရိုတင်းဓာတ်ပါဝင်မှု ၆ ဆများပါတယ်။ ဗီတာမင် B6 နဲ့ ဗီတာမင် B2 တို့လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင် A, B , C နဲ့ အမိုင်နိုအက်ဆစ် တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်နော်။

ဒန့်သလွန်အမှုန့်လုပ်နည်း

အရင်ဆုံး ဒန့်သလွန်အမှုန့်ုကို ဘယ်လို လုပ်ရမလဲ ပြောပြချင်ပါတယ်။ ဒန့်သလွန်အရွက်တွေအရင်ဆုံး ရေဆေးလိုက်ပါ။ အဝတ်တစ်ခုအပေါ်မှာထားပြီး ရေစစ်လိုက်ပါ။ ဒန့်လွန်အရွက်တွေကို ချွေပြီး ဗန်းတစ်ခုထဲထည့်လိုက်ပါ။ အရွက်ရဲ့ အရိုးအသေးလေးတွေပါလည်း ကိစ္စမရှိပါဘူး။

အမှိုက်သရိုက်တွေမပါဝင်အောင် ဗန်းအပေါ်မှာ အဝတ်လေးတင်ကာ ၂၄ နာရီလောက် အခြောက်ခံလိုက်ပါ။

ဗန်းထဲမှာ ဒန့်သလွန်ရွက်တွေက အရမ်းမခြောက်သွေ့သွားဘဲ စိမ်းစိမ်းစိုစိုလေးတွေ့ရမှာပါ။ ဒါဆိုရင် အဲ့ဒီ ဗန်းကို အဝတ်လေးကို အုပ်ကာ အိမ်ရဲ့ ခြောက်သွေ့တဲ့နေရာ ၁ ပတ်လောက်ထားပြီး အရွက်တွေ လုံးဝခြောက်ပြီး ကြွပ်ဆပ်သွားတဲ့အထိထားလိုက်ပါ။

ပြီးရင် မီးဖိုချောင်သုံး ကြိတ်စက် သို့ ကော်ဖီကြိတ်စက်ထဲထည့်ပြီး ကြိတ်လိုက်ရင် သဘာဝ ဒန့်သလွန်အမှုန့်ရပါပြီနော်။ ဒီလို အလုပ်မရှုပ်ချင်ရင်တော့ ဆိုင်တွေ၊ စူပါမားကတ်တွေမှာ ဒန့်သလွန်အမှုန့်ကို ဝယ်ယူနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီသီး ၄၀ ဂရမ်

ငှက်ပျောသီး ၅၅ ဂရမ်

Spinach အရွက် ၄၀ ဂရမ်

နွားနို့ ၂၄၀ ml

ဒန့်သလွန်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခွက်အပေါ်မှာ အလှဆင်ရန်

စတော်ဘယ်ရီသီးများ သို့ ဘယ်ရီသီးများ

အုန်းသီး

(ကိုယ်ကြိုက်နှစ်သက်တဲ့အသီးကို အပေါ်မှာ တင်လို့ရပါတယ်။)

ပြုလုပ်နည်း

စတော်ဘယ်ရီသီး၊ ငှက်ပျောသီး၊ Spinach ၊ နွားနို့၊ Moringa တို့ကို ဖျော်စက်ထဲထည့်ပြီး လုံးဝ ကြေညက်သွားတဲ့အထိ ဖျော်ပါ။

ဖန်ခွက် သို့ ခွက်ထဲထည့်ပြီး အပေါ်ကနေ ဘယ်ရီသီး သို့ စတော်ဘယ်ရီသီး၊ အုန်းသီး ခြစ် တို့နဲ့ အလှဆင်လို့ရပါပြီ။

ကဲလှလှလေး ဖျော်ပြီးရင် Facebook ပေါ်မှာ ဓာတ်ပုံရိုက်တင်ဖို့လည်း မမေ့နဲ့ဦးနော်။

ဒန့်သလွန်အမှုန့်ကို အသုံးပြုပြီး Smoothie လုပ်သောက်ရအောင်

Photo Credit: Tasty Food