လူသားတွေကို အမြဲလိုလို နုပျိုစေဖို့တော့ ဘယ်အရာမှတော့ မလုပ်ဆောင်နိုင်ပါဘူး။ ဒါပေမယ့် ရင့်ရော်မှုကို လျော့နည်းအောင် အရွယ်တင်ပြီး နုပျိုအောင် စားပေးနိုင်တဲ့ အစားအစာတွေတော့ရှိပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် E ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် E က အသားအရေကျန်းမာရေးအတွက် ကောင်းမွန်ပြီး ရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားများတာနဲ့ ခန္ဓာကိုယ်ထဲမှာ အရည်တွေများတာကို ကာကွယ်ပေးပါတယ်။

ဘယ်ရီသီးများ

Blackberries၊ ဘလူး ဘယ်ရီ၊ စတော်ဘယ်ရီ စတဲ့ ဘယ်ရီမျိုးနွယ်ဝင် အသီးတွေမှာ Phytochemicals ဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီဓာတ်က အသက်အရွယ်ကြီးမြင့်မှုကြောင့်နဲ့ Free Radicals တွေကြောင့် ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

ပဲပုပ်

ပဲပုပ်မှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကွန်ပေါင်းဓာတ်တွေအများကြီးပါဝင်နေပါတယ်။ အဲ့ဒီအပြင် နှလုံးရောဂါနဲ့ သွေးအတွင်းမကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးနိုင်တဲ့ Isoflavones ဆိုတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။

ပဲပုပ်မှာ ယနေ့ခေတ်မှာ အရွယ်တင်နုပျိုအောင် အသုံးပြုနေတဲ့ Etrogen ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

အဲ့ဒီအပြင် ပဲပုပ်မှာ ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အဲ့ဒီဓာတ်တွေက ငယ်ရွယ်သန်မာတဲ့ ကြွက်သားတွေတည်ဆောက်ရာမှာ ကူညီပေးပါတယ်။

ရေ

တစ်နေ့ကို ရေ ၈ ခွက်သောက်ပေးသင့်ပါတယ်။ ရေတွေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့မကောင်းတဲ့ ဓာတ်တွေကို ဖယ်ရှားပေးပါတယ်။