ဒေါ်လာ ၁ သိန်း ၉ သောင်း ကျော်တန်တဲ့ Foie Gras
၂၀၁၈ ခုနှစ်ရဲ့ ဈေးအကြီးဆုံး အစားအစာကတော့ ဒေါ်လာ 193,000 ပေးရတဲ့ အထက်တန်းစား ဟင်းလျာ တစ်ပွဲဖြစ်တဲ့ Foie Gras ဖြစ်ပါတယ်။
Foie Gras က ပြင်သစ် ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး ဘဲ ရဲ့အသည်းကနေ လုပ်ထားတဲ့ ဟင်းလျာပါ။
သာမန် ဘဲ တွေရဲ့ အသည်းလိုမျိုးမဟုတ်ဘဲ အထူးတလည် တစ်နေ့ကို အစာပိုက်နဲ့ တစ်နေ့ ၂ ကြိမ် ဂရုစိုက်ပြီး မွေးထားတဲ့ ဘဲတွေရဲ့ အသည်းဖြစ်ပါတယ်။
အရမ်းနူးညံ့ပြီး အရသာက ထူးကဲ ကောင်းမွန်လှတယ်လို့ ဆိုကြပါတယ်။
မြန်မာငွေနဲ့ဆိုရင် သိန်း ၃ ထောင်ကျော်တန် ဟင်းလျာပွဲပေါ့နော်။
Brown Lipped Abalone
Brown Lipped Abalone ငါးဟာ အခွံမာ ငါးအမျိုးအစား ဖြစ်ပြီး ဈေးအရမ်းလည်း ကြီးပါတယ်။ တရုတ်နိုင်ငံမှာတော့ အထက်တန်းစား ဟင်းလျာအဖြစ် စားသုံးပေးကြပါတယ်။ ကိုရီးယား အင်ပါရာ ဘုရင်ကိုတောင် တရုတ်က လက်ဆောင်ပေးဖူးပါတယ်။
အာရှမှာရှိတဲ့ ပင်လယ်မှာတွေ့ရများကြပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ပင်လယ်စာလို့တောင် ပြောကြပါတယ်။ စားဖူးသူတွေကတော့ ချိုချိုလေးနဲ့ ဆူရှီ အရသာနဲ့တောင် တူတယ်လို့ ပြောကြပါတယ်။
Brown Lipped Abalone ဟင်းလျာက အမေရိကန်ဒေါ်လာ ၁၇၃၆၀၀ တန်ဖိုးရှိပါတယ်။
Almas Caviar
ငါးဥ Almas Caviar ကတော့ ဈေးအကြီးဆုံး အစားအစာ စာရင်းမှာ နှစ်စဉ်ပါနေကြပါတယ်။ အရောင်အသွေးကော၊ အရသာကတော့ အရမ်းကို ထူးခြားကောင်းမွန်တယ်လို့ ဆိုကြပါတယ်။ Almas Caviar တစ်ပွဲကို အမေရိကန်ဒေါ်လာ ၃ သောင်းခွဲ ကုန်ကျမှာဖြစ်ပါတယ်။