Isabella’s Islay ဝီစကီ (အမေရိကန်ဒေါ်လာ ၆.၂ သန်း)

မြန်မာကျပ်ငွေဆိုရင် ကျပ်သိန်းပေါင်း ၈ သောင်းကျော်လောက်တန်ဖိုးရှိတဲ့ ဝီစကီတစ်ပုလင်းဖြစ်ပါတယ်။

အရက်အရသာကို သေချာ ဖော်စပ်ထားတဲ့အပြင် အရက်ပုလင်းကိုလည်း စိန်ပွင့်ပေါင်း ၈၅၀၀ ကျော်နဲ့ White Gold နဲ့ ပြုလုပ်ထားပါတယ်။

အဲ့ဒီအပြင် ပတ္တမြား ၃၀၀ ကျော်နဲ့လည်း ပုလင်းရဲ့နာမည်ကို ထိုးထားပါတယ်။

105 Year Old Master of Malt

Aisla T’Orten အရက် ကုမ္ပဏီက ထုတ်လုပ်တဲ့ အရက်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၄ သန်းတန်ဖိုးရှိပါတယ်။

64 Year Old Macallan

64 Year Old Macallan ဝီစကီ ကတော့ အမေရိကန်ဒေါ်လာ ၄သိန်း ၆ သောင်း တန်ဖိုးရှိပါတယ်။

62 Year Old Dalmore

Dalmore ဆိုတဲ့ ဝီစကီ အမှတ်တံဆိပ်ကတော့ ကမ္ဘာပေါ်မှာ လူကြိုက်များ နာမည်ကြီးတဲ့ ဇိမ်ခံ အရက်ဖြစ်ပါတယ်။ Dalmore ရဲ့ 62 Year Old Dalmore ဝီစကီက ၂၀၁၁ ခုနှစ်က လူကုန်တန် အသိုင်းအဝိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂ သိန်း တန်ဖိုးရှိပါတယ်။

Dalmore 64 Trinitas

အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းတန်ဖိုးရှိတဲ့ ဝီစကီဖြစ်ပါတယ်။ Dalmore 64 Trinitas ကိုတော့ ၃ ပုလင်းဘဲ ထုတ်လုပ်ခဲ့တာပါ။

Macallan Fine and Rare Collection

1926 Macallan Fine and Rare က ဇိမ်ခံ ဝီစကီတွေထဲမှာ လူကြိုက်များတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ အမေရိကန်ဒေါ်လာ ၇ သောင်းခွဲ တန်ဖိုးရှိပါတယ်။