သင်ဟာ အရက်မူးနေတဲ့ ခံစားချက်ကို ကြိုက်တဲ့သူလား။ ကြိုက်တဲ့သူဆိုရင်တော့ အောက်မှာရေးထားတဲ့ ယမကာ တစ်မျိုးမျိုးကိုတော့ သောက်ဖူးမှာပါ။

ဘီယာ

ဘီယာကတော့ လူကြိုက်များတဲ့ ယမကာစာရင်းထဲမှာ နံပါတ်၁ ပါဘဲ။ အရက်နဲ့ပတ်သက်တာ သောက်ချင်ရင် အလွယ်ကူဆုံးနဲ့ဈေးအသက်သာ ဆုံးက ဘီယာပါဘဲ။ အဲ့ဒီအပြင် အရက်နာကျတာကိုလည်း မခံချင်ဘဲ ခဏလေးနဲ့ မူးပြီး ခဏလေးနဲ့အမူးပြန်ပြေချင်သူတွေအတွက် ဘီယာက အကောင်းဆုံးပါဘဲ။

Rum နဲ့ Coke

ဝက်သစ်ချသား အနံ့လေးနဲ့ခါးသက်သက် အရသာရှိတဲ့ Rum ကို Coke နဲ့ရောသောက်လေ့ရှိကြမှာပါ။

လိမ္မော်ရည်နဲ့ Vodka

အရသာက အဝင်ကောင်းတဲ့ အရသာလေးပါ။ Vodka လို ပူရှိန်းရှိန်း ခါးသက်သက်လေးကို လိမ္မော်ရည် ချိုချိုလေးနဲ့ မျောချရတာလည်း အရသာတစ်မျိုးပါ။

Tequila

Tequila ကတော့ ချမ်းအေးနဲ့ဆောင်းတွင်းလေးနဲ့အတော်ပါဘဲ။ အရမ်းအေးတဲ့နေရာရောက်နေလို့ နွေးနွေးလေးနဲ့အဆင်ပြေချင်ရင် Tequila လေး One Shot ကို ဆားလေးနဲ့ သံပုရာသီးလေးနဲ့ကစ်လိုက်ရုံဘဲနော်။

Jager

Jager ကတော့ မြန်မာနိုင်ငံမှာလည်း လူကြိုက်များတဲ့ အရက်ပါဘဲ။ အရက်၊ ကြံ၊ သကြားမုန်လာ၊ ဟင်းခတ်အမွှေးအကြိုင်တစ်ချို့လည်း ပါဝင်ပါတယ်။