တချို့ နိုင်ငံတွေမှာ နာမည်ကြီးနေတဲ့ အစားအစာတွေက တခြားနိုင်ငံတွေမှာ ထိတ်လန့်ဖွယ် ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာ စားလေ့ရှိကြတဲ့ ထူးထူးဆန်းဆန်း အစားအစာများကို ဝေမျှချင်ပါတယ်။

ငါးပူတင်း (Pufferfish)

ငါးပူတင်း (Pufferfish) က ချက်ပြုတ်နည်းမမှန်ရင် စားတဲ့သူတွေကို သေဆုံးနိုင်ပါတယ်။ ငါးပူတင်းမှာပါဝင်တဲ့အဆိပ်က အဆိပ်ပြင်း Cyanide ထက် အကြိမ် ၁၂၀၀ လောက် ပိုပြီး ပြင်းထန်ပါတယ်။ အဆိပ်က အဓိက အသည်းနဲ့သည်းခြေမှာဘဲ ပါဝင်ပါတယ်။

အသားက အရမ်းစားလို့ကောင်းတာကြောင့် ဂျပန်နိုင်ငံမှာတော့ ငါးပူတင်း ချက်ဖို့အတွက် အထူးသင်တန်းတွေပေးပြီး လက်မှတ်ထုတ်ပေးထားပါတယ်။ အဲ့ဒီ လက်မှတ်ရရှိသူတွေဘဲ ငါးပူတင်းကို ချက်ခွင့်ပြုပါတယ်။

ဘဲ သန္ဓေသား ဥ

ထူးထူးဆန်းဆန်း အစားအစာများ

ဘဲဥထဲကနေ ထွက်ခင် ချက်စားတဲ့ ဘဲသန္ဓေသားဥဖြစ်ပါတယ်။ ဒါက တောင်အာရှမှာ နာမည်ကြီးတဲ့ အစားအစာဘဲဖြစ်ပါတယ်။ အရသာကအရမ်းကောင်းတယ်လို့တော့ ဆိုကြပါတယ်။

Surströmming ( အချဉ်ဖောက်ထားတဲ့ ငါး)

ဒီဟင်းလျာက ဆွီဒင်နိုင်ငံမှာ အရမ်းရေပန်းစားတဲ့ အစားအစာဖြစ်ပါတယ်။ ငါးကို ဖမ်းပြီးရင် ၂ လလောက် အချဉ်ဖောက်ထားပြီးနောက်မှ စည်သွပ်ဗူးထဲကို သွပ်လိုက်တာပါ။

ကြိုက်တဲ့သူတွေကတော့ အရမ်းကို ကြိုက်နှစ်သက်ကြပါတယ်။ အနံ့က အရမ်းဆိုးလွန်းလို့တချို့ လေကြောင်းလိုင်းတွေဆို လက်မခံကြပါဘူး။

Kopi Luwak

Kopi Luwak က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ကော်ဖီအမျိုးအစားဖြစ်ပါတယ်။ ကြောင်ကတိုးတွေရဲ့ ချေးကနေ ဖယ်ပြီး ထုတ်လုပ်တဲ့ ကော်ဖိပါ။

ကော်ဖီစေ့ကို အင်ဒိုနီးရှားမှာ စိုက်ပျိုးပြီး Kopi Luwak ထုတ်လုပ်ပုံက ထူးဆန်းပါတယ်။

ကြောင်ကတိုးတွေကို ကော်ဖီအသီးတွေ ကျွေးပြီး သူတို့ အစာခြေပြီး ချေးဖြစ်သွားတဲ့ အစေ့တွေကနေ ကော်ဖီပြန်ထုတ်တာပါ။ ကော်ဖီမှုန့် ၁ ကီလိုဂရမ်ကို ယူရို ၅၅၀ ကနေ ၇၀၀ ကြားရှိပါတယ်။