အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မာစတာရှက်ဖ် စားဖိုမှူးများ ဝေမျှထားပြီး အိမ်ရှင်မများ မီးဖိုချောင်ဝင်တဲ့အခါ အသုံးတည့်စေမယ့် နည်းလမ်းလေးတွေကို ဗဟုသုတရအောင် ဖော်ပြပေးချင်ပါတယ်။

ဟင်းရည်များ ဝေမကျဖို့အတွက်

ဟင်းရည်အိုးက ပွက်ပွက်ဆူလာပြီး ဝေကျလာတဲ့အခါ သင့်ရဲ့အိုးအနီးဝန်းကျင်ကို ညစ်ပတ်စေပါတယ်။ ဒါဆိုရင် သစ်သားယောင်းမလေးကို အိုးပေါ်မှာ တင်ထားလိုက်ပါ။ ဒါဆိုရင် ဝေကျတော့မှာ မဟုတ်ပါဘူး။

ဟင်းခပ်အမွှေးအကြိုက်အရွကများကို ကြာရှည်ခံဖို့ရန်အတွက်

ထိုအရွက်များကို ပါးပါးလှီးပြီးနောက် ရေခဲတုံးပုံစံခွက်ထဲထည့်ပါ။ ထို့နောက် သံလွင်ဆီ (သို့) ရေထည့်ကာ ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါ။ အချိန်အကြာကြီးအထားခံတာကို တွေ့ရပါလိမ့်မယ်။

သစ်သီးများ အခွံခွာမယ်ဆိုရင်

အခွံမခွာခင်မှာ မိုက်ခရိုဝေ့ဖ်ထဲ စက္ကန့် ၂၀ ခန့် ထည့်ကာ အပူပေးထားလိုက်ပါ။ ဒါဆိုရင်တော့ အခွံခွာတဲ့အချိန်မှာ တစ်ချက်တည်းနဲ့ အခွံတွေအကုန် ကွာသွားပါလိမ့်မယ်။

Cupcakes ပြုလုပ်ဖို့အတွက် မုန့်ဖုတ်စက္ကူ မရှိတဲ့အခါ

Muffin ကိတ်မုန့် (သို့) Cupcakes များ ပြုလုပ်ချင်ပေမယ့် ပြုလုပ်ရမယ့် မုန့်ဖုတ်စက္ကူမရှိတဲ့အခါ ဆီစုပ်စက္ကူကို အစားထိုးအသုံးပြုနိုင်ပါတယ်။

သစ်သီးစဉ်းနီတုံးကို အလွယ်တကူ သန့်ရှင်းရေး လုပ်နိုင်ဖို့အတွက်

သစ်သားစဉ်းနီတုံးပေါ်မှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားများ ခိုအောင်းနေတတ်ပါတယ်။ ဒါဆိုရင် သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး ဆားကြမ်းထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ထိုသံပုယိုသီးဖြင့် စဉ်းနှီးတုံးကို ပွတ်တိုက်ပေးလိုက်တဲ့အခါ သင့်ရဲ့သစ်သားစဉ်းနှီးတုံးလည်း သန့်ရှင်းသွားပါလိမ့်မယ်။

Source: Homehacks.co