ဒီတခေါက်မှာတော့ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ မှိုနဲ့ ချိစ် အသားညှပ်ပေါင်မုန့် လုပ်နည်းလေးကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟမ္ဘာဂါ ၄ လံုး
  • မှို ၂၅၀ ဂရမ်
  • ကြက်သွန်နီ ၁ လုံး
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ချိစ် ၁၅၀ ဂရမ်
  • ကြက်သွန်ဖြူ ၂ မွှာ
  • ဆားနဲ့ ငရုတ်ကောင်း
  • ကရဝေးစေ့ (ကြိုက်နှစ်သက်ရင် ထည့်ပါ)

ပြုလုပ်နည်း

မှိုနဲ့ ကြက်သွန်နီတွေကို ပါးပါးလှီးလိုက်ပါ။

ကြက်သွန်နီကို ထောပတ်နဲ့ ကျက်တဲ့အထိ ကြော်ပါ။ မှိုကို ထည့်ပြီး မီးအလယ်အလတ်နဲ့ မိနစ်အနည်းငယ်လောက် ကြော်ပါ။

ကြက်သွန်ဖြူကို ငရုတ်ကျပွတ်နဲ့ ဖိလိုက်ပါ။ ပြီးရင်ထည့်လိုက်ပြီး မွှေပါ။

ချိစ်ကို ဂျစ်နဲ့ ခြစ်ပါ။

ဟမ်ဘာဂါလုပ်တဲ့ ပေါင်မုန့်ကို ထက်ခြမ်းခြမ်းလိုက်ပြီး မှိုကိုတင်လိုက်ပါ။ ပြီးရင် ချိစ်ကို ဖြူးလိုက်ပါ။ ချီစ်တွေ အရည်ပျော်အောင် ၅ မိနစ်နဲ့ ပေါင်မုန့်ကို ကင်လိုက်ပါ။

ပြီးရင် ပြန်ယူပြီး အပေါ်ကနေ ပေါင်မုန့် နောက်တစ်ခုနဲ့တင်ပြီး ပိတ်လိုက်ပါ။