မှိုတွေအားလုံးမှာ တူညီတဲ့ အာဟာရဓာတ်နဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်နေပါတယ်။

ကင်ဆာရောဂါကို တိုက်ဖျက်ပေး

သဘာဝ ကင်ဆာရောဂါကို တိုက်ဖျက်ပေးတဲ့ ဆဲလ်တွေကို တိုးမြင့်ချင်ရင် မှိုကို များများစားပေးပါ။ ဒီဆဲလ်တွေက ကိုယ်ခံအားကို ကောင်းစေပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။

အကြိတ်တွေ ဖြစ်ပေါ်လာတာ၊ DNA တွေပျက်စီးတာကိုလည်းကာကွယ်ပေးပြီး ကျန်းမာတဲ့ဆဲလ်တွေကိုလည်း ကာကွယ်ပေးပါတယ်။

ကိုယ်ခံအားကို မြှင့်တက်စေ

မှိုမှာ ကိုယ်ခံအားကို မြင့်စေတဲ့ ဓာတ်တွေအများကြီးပါဝင်ပြီး၊ ရောဂါ တော်တော်များများကိုလည်း ကာကွယ်ပေးပါတယ်။

အန္တရာယ်ရှိ ဘက်တီးရီးယားတွေ၊ ဗားရက်စ်တွေ မဝင်အောင်လည်း တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

နှလုံးကျန်းမာရေးကို ကာကွယ်ပေး

မကောင်းတဲ့ ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါမဖြစ်အောင် သွေးလွှတ်ကြောတွေမာတောင့်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဦးနှောက် လုပ်ဆောင်မှုတွေကို မြှင့်တင်ပေး

မှိုတွေမှာ ဗီတာမင် B ပါဝင်မှုများတာကြောင့် အားအင်ကို ဖြစ်စေပြီး ဦးနှောက်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေကို မြှင့်တင်ပေးပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းညှိပေး

မှိုတွေမှာ အာဟာရတွေ ကြွယ်ဝပေမယ့် ကယ်လိုရီ ပါဝင်မှုကတော့ နည်းပါတယ်။ တစ်ပတ်ကို မှို ၃ ကြိမ်၊ ၄ ကြိမ်လောက်စားသုံးပေးရင် ကိုယ်အလေးချိန်ကို အရမ်းမတက်စေဘဲ ထိန်းညှိပေးပါတယ်၊

ဗီတာမင် D ကို ကြွယ်ဝစေ

ဗီတာမင် D မလုံလောက်မှုကြောင့် ရောဂါတွေအများကြီးဖြစ်နိုင်ပါတယ်။ ဗီတာမင် D က နေရောင်ခြည်ကနေ အများဆုံးရတာဖြစ်ပေမယ့် မှိုတွေကနေလည်း ဗီတာမင် D တွေအများကြီးရနိုင်ပါတယ်။

မနက်ဆို နေမထွက်ခင် ရုံးရောက်၊ ညနေ ဆို နေဝင်မှ ပြန်လာတတ်တဲ့သူတွေက နေရောင်ခြည်ကနေ ဗီတာမင် D ရနိုင်ဖို့ နည်းပါးတာကြောင့် မှိုကို စားသုံးပေးသင့်ပါတယ်။