စိတ်ဖိစီးမှု၊ ကိုယ်အလေးချိန်များမှု၊ အရက် အလွန်အကျွံသောက်သုံးမှု စတဲ့ လူနေမှု ပုံစံ မမှန်ကန်မှုတွေက သွေးတိုးကို ဖြစ်စေပါတယ်။

သွေးတိုးက သွေးလည်ပတ်မှုထဲမှာသာမန်ထက် သွေးဖိအားများလာတာဖြစ်ပါတယ်။ သွေးတိုးက သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောဓာတ် (LDL) တွေမြင့်မားလာမှုနဲ့လည်း သက်ဆိုင်မှု ရှိပါတယ်။

အများအားဖြင့် အသက် ၅၅ နှစ်ကျော်လာသူတွေမှာ သွေးတိုးတွေ ရှိလာတတ်ပါတယ်။

သွေးတိုးရောဂါကို ကာကွယ်ဖို့အတွက် ဆားစားသုံးမှုကို လျော့ချပြီး လေ့ကျင့်ခန်းပုံမှန် လုပ်ပေးဖို့ဘဲဖြစ်ပါတယ်။ လူနေမှုပုံစံပြောင်းလဲပေးတာကလည်း သွေးတိုးကို ကာကွယ်ပေးတဲ့အပြင် နှလုံးရောဂါလည်း မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ Antioxidant ဓာတ်တွေပါဝင်တာကြောင့် အသားအရေ ကျန်းမာရေးကို အထောက်အကူပြုပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုလည်းကောင်းစေပါတယ်။

သွေးတိုးရှိသူတွေဆိုရင် တစ်နေ့ကို ကြက်သွန်ဖြူ တစ်မြွှာစားသုံးပေးပါ။ ကြက်သွန်ဖြူတစ်မြွှာကို ဒီအတိုင်း အစိမ်းစားတာထက် ရေတစ်ခွက်ထဲမှာ ကြက်သွန်ဖြူကို တစ်ညလောက်သိပ်ထားလိုက်ပါ။

ပြီးမှ အဲ့ဒီအရည်ကို သံပုရာရည်နဲ့ ရောပြီး ဗိုက်ထဲ ဘာအစာမှ မရှိခင်မှာ သောက်သုံးပေးပါ။ ဒါက အစာအိမ်ရဲ့ pH ပမာဏကို တည်ငြိမ်စေပြီး အစာခြေစနစ်ကို အားကောင်းစေပါတယ်။

နံနံပင်နဲ့ သံပုရာ

သံပုရာရည်ကို နံနံပင်နဲ့ရောပြီး ဗိုက်ထဲ ဘာအစာမှမရှိခင်မှာ သောက်သုံးပေးပါ။ နံနံပင်နဲ့သံပုရာက သွေးတိုးကို သက်သာ၊ ကာကွယ်ပေးနိုင်ပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ သံပုရာရည်ကို ရေနွေးနွေးနဲ့ရောပြီး မနက်မှာ သောက်ပေးပါ။

အုတ်ဂျုံ

အုတ်ဂျုံက မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို 5 ရာခိုင်နှုန်းလောက်လျော့ချပေးတာကြောင့် သွေးတိုးရှိသူတွေအတွက် ကောင်းပါတယ်။ အဲ့ဒီအပြင် သွေးလည်ပတ်မှုတွေကိုလည်း ထိန်းညှိပေးပါတယ်။

ရေကို ပွက်ပွက်ဆူအောင်တည်ပြီး အုတ်ဂျုံကို တည်ကာ၊ ခဏလောက် အအေးခံကာစားသုံးပေးသင့်ပါတယ်။ တစ်နေ့ကို အုတ်ဂျုံ ၁ လီတာလောက် စားပေးပါ။