ဆားဝက်ခြံပေါက်တာဟာ ကျန်းမာရေးကို ထိခိုက်စေတာမျိုးတော့မဟုတ်ပေမဲ့ ဆွဲဆောင်မှုမရှိတာတော့ အမှန်ပါပဲ။ နှာခေါင်းနဲ့ မေးစေ့တွေမှာ အဓိကဖြစ်တတ်တဲ့ ဆားဝက်ခြံတွေကို ဓါတုပစ္စည်းတွေမသုံးဘဲ သဘာဝနည်းလမ်းလေးတွေနဲ့ ဖယ်ရှားလို့ရပါတယ်။

၁။ သစ်ကြံပိုးခေါက် နဲ့ ပျားရည်

ပါဝင်ပစ္စည်းများ

၁။ သစ်ကြံပိုးခေါက် အမှုန့်
၂။ ပျားရည်
၃။ ဝါဂွမ်းစ

နည်းလမ်း

သစ်ကြံပိုးခေါက်နဲ့ ပျားရည်ကို ရောပြီး ဆားဝက်ခြံပေါ်လိမ်းပါ။ အဲဒီနောက် ဝါဂွမ်းစနဲ့ ဖိထားပြီး ၃မိနစ်ကနေ ၅မိနစ်ထိထားပါ။ အဲဒီနောက် ဝါဂွမ်းစကိုဖယ်ပြီး မျက်နှာသစ်ကာ Moisturizer လိမ်းပေးထားပါ။

၂။ လက်ဖက်စိမ်း

green-tea

ပါဝင်ပစ္စည်းများ

၁။ Green Tea လက်ဖက်များ
၂။ ပုဝါစ

နည်းလမ်း

Green Tea လက်ဖက်ရွက်ကို စားပွဲတင်ဇွန်း တစ်ဇွန်းစာထည့်ပြီး ရေနွေးနဲ့ ပျော့လာတဲ့ထိ စိမ်ပေးထားပါ။ အဲဒီနောက် လက်ဖက်ကို ခြားဝက်ခြံပေါ် ပွတ်တိုက်ပေးပြီး ၃ မိနစ်လောက်ထားပါ။ အဲဒီနောက် မျက်နှာသစ်ပြီး ပုဝါနဲ့ ခြောက်အောင် ဖွဖွသုတ်ပေးပါ။

၃။ သံပုရာရည်

lemon-juice

ပါဝင်ပစ္စည်းများ

၁။ နွားနို့အနည်းငယ်
၂။ ဒိန်ချဉ်အနည်းငယ်
၃။ ပျားရည်အနည်းငယ်
၄။ ဆားအနည်းငယ်
၅။ သံပုရာရည် အနည်းငယ်

နည်းလမ်း

ပါဝင်ပစ္စည်းများအားလုံးကို ရောပြီး ဆားဝက်ခြံရှိတဲ့နေရာမှာ ပွတ်တိုက်ပေးပါ။ အဲဒီလို ၁၂ ရက် ဆက်တိုက် လုပ်ပေးပါ။

၄။ သကြား

sugar

ပါဝင်ပစ္စည်းများ

၁။ သကြား(အဖြူ(သို့)အညို) တစ်ခွက်
၂။ ဆီ
၃။ Jojoba (သို့) ဗာဒံဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

နည်းလမ်း

ပထမဆုံး သကြားနဲ့ Jojoba (သို့) ဗာဒံဆီ ကိုရောပြီး ဆီထဲပါ။ အဲဒီနောက် မွေပြီး ဖန်ခွက်ထဲကိုထည့်ထားကာ အေးတဲ့နေရာမှာထားပါ။ အဲဒီနောက် မျက်နှာသစ်ပြီး ရေစိုနေတဲ့ မျက်နှာပေါ်က ဆားဝက်ခြံနေရာမှာ ခပ်ဖြည်းဖြည်းပွတ်လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၃၀ လောက်ထားပြီး မျက်နှာသစ်ပါ။

၅။ ကြက်ဥအကာ

ပါဝင်ပစ္စည်းများ

၁။ ကြက်ဥတစ်လုံး

၂။ သစ်ရှုးစအနည်းငယ်

နည်းလမ်း

မျက်နှာသစ်ပြီး ရေခြောက်အောင်သုတ်ပါ။ အဲဒီနောက် ကြက်ဥအကာနဲ့ မျက်နှာပေါ်လိမ်းပေးကာ သစ်ရှုးစနဲ့ ကပ်ပေးထားပါ။ သစ်ရှုးစကို ကြက်ဥအကာ မခြောက်ခင်ထိ ထားပါ။ အဲဒီနောက် သစ်ရှုးကိုခွာပြီး မျက်နှာသစ်ပါ။

Credit: healthnfood