ဆံပင်တွေက ပါးပါတယ်ဆိုမှ အလွန်အမင်းကျွတ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ မီးဖိုချောင်ထဲမှာရှိတဲ့ အစားအစာများကို အသုံးပြုပြီး ဆံပင်ကျွတ်တဲ့ ပြဿနာကို တာ့တာဘိုင်းဘိုင်လို့ နှုတ်ဆက်လိုက်ရအောင်။

ကြက်ဥနှင့် ပေါင်းတင်ပါ

အရင်ဦးဆုံး ကြက်ဥတစ်လုံးကို အကာကို ခွဲယူလိုက်ပါ။ ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

ရရှိလာတဲ့ အနှစ်ကို ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့် ပေါင်းတင်ပြီးမှ မိမိလျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။

လက်ဖက်စိမ်း ရေနွေးကြမ်း အသုံးပြုပါ

သင့်ရဲ့ ဆံပင်အတိုအရှည်ပေါ် မူတည်ပြီး လက်ဖက်စိမ်းအိတ် ၂ ထုပ်၊ ၃ ထုပ်ခန့်ကို ရေနွေးပူ ၁ ခွက် (သို့) ၂ ခွက်ထဲ ထည့်စိမ်ထားလိုက်ပါ။ ရေနွေး အေးသွားတဲ့အခါမှာတော့ ဦးရေပြားနဲ့ ဆံကေသာပေါ် သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ တစ်နာရီခန့်ကြာမှ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

ဒိန်ချဉ်နှင့် ပျားရည် အသုံးပြုပါ

အစာအိမ္ထဲမွာ အစာမရွိခ်ိန္မွာ မစားသံုးသင့္တဲ့အစားအစာမ်ား

ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဆံပင်ဆိုးတဲ့ ဘရက်ရှ်အသုံးပြုပြီး ဆံကေသာ အရင်းကနေ အဖျားအထိ၊ ဦးရေပြားအနှံ့ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားပြီးနောက် ရေအေးအေးဖြင့် ဆေးကြောပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ် တစ်ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အရွက်ကို လှီးဖြတ်ပြီးနောက် ရှားစောင်းလက်ပတ်ဂျယ်ကို ခပ်ထုတ်လိုက်ပါ။ ထို့နောက် ဦးရေပြားနဲ့ ဆံကေသာအနှံ့ သုတ်လိမ်းပေးလိုက်ပါ။ ၄၅ မိနစ်ခန့်ကြာမှ ရိုးရိုးရေနဲ့ ဆေးကြောပေးလိုက်ပါ။ သိသာမြန်ဆန်တဲ့ရလာဒ်ကောင်းကို လိုချင်တယ်ဆိုရင်တော့ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်၊ ၄ ကြိမ်ခန့် ပေါင်းတင်ပေးရပါမယ်။

Source: Femina.in