ဆီးချိုမှာ အများအားဖြင့်၂ မျိုးရှိပါတယ်။ Type 1 နဲ့ Type 2 ဖြစ်ပါတယ်။
Type 1 ဆီးချိုက ခန္ဓာကိုယ်ကနေ အချိုဓာတ်ကို ထိန်းညှိပေးနိုင်ရန် သရက်ရွက်ကနေ ထုတ်ပေးရမယ့် Insulin ဟော်မုန်းကို မထုတ်နိုင်တာဖြစ်ပါတယ်။ အများအားဖြင့် အသက်ငယ်သူတွေမှာဖြစ်တတ်ပါတယ်။
Type 2 ဆီးချိုက Insulin ဟော်မုန်းကို ခံနိုင်ရည်ရှိပြီး လူတွေအများဆုံးမှာဖြစ်ကြပါတယ်။
အဲ့ဒီ ၂ မျိုးအပြင် ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်တဲ့ Gestational Diabetes လည်း ဖြစ်ကြပါတယ်။
ဂျင်း လက်ဖက်ရည်
ဂျင်းက ခန္ဓာကိုယ်ထဲက သကြားဓာတ် (Glucose) ကို လျော့ချပေးနိုင်ပါတယ်။ ဂျင်းက ခန္ဓာကိုယ်ထဲက သကြားဓာတ် ၃၅ ရာခိုင်နှုန်းကို လျော့ချပေးနိုင်ပြီး အင်ဆူလင်ထုတ်လုပ်မှုအား ၁၀ ရာခိုင်နှုန်းကို တိုးမြင့်ပေးနိုင်ပါတယ်။
ပြုလုပ်နည်း
ဂျင်းတစ်တောင့်ကိုယူပြီး အခွံခွှာလိုက်ပါ။ ပြီးရင် ပါးပါးလေးလှီးပြီး ခွက်တစ်ခွက်ထဲထည့်ပါ။ ရေနွေးပွက်ပွက်ဆူကို လောင်းထည့်ပါ။ ချိုစေချင်ရင် ပျားရည်ကိုထည့်ပါ။ ပြီးရင်နေ့စဉ်သောက်လို့ရပါတယ်။
မုန်လာဥဖြူ
မုန်လာဥဖြူမှာ သဘာ၀ သကြားဓာတ်တွေကို လျော့ကျအောင်ကူညီပေးနိုင်ပါတယ်။ ဗီတာမင် B1၊ B2 ၊ B3 ၊ B5၊ B6၊B9 နဲ့ စီတို့ပါဝင်ပါတယ်။
မုန်လာဥဖြူကို ချဉ်ရည်ဟင်းတို့၊ ဟင်းချိုတို့ ချက်စားတဲ့နေရာမှာ ထည့်သုံးလို့ရပါတယ်။
ကွမ်းရည်
ကွမ်းရွက်က အာရှတစ်ခုလုံးမှာ အများဆုံး စားသုံးကြတာဖြစ်ပြီး သွေးအတွင်း သကြားဓာတ်ကို လျော့ကျစေပါတယ်။
ကွမ်းရွက်ကြီးဘဲ စားလို့ရသလို တခြား အရွက်တွေနဲ့ ပေါင်းပြီး ဖျော်ရည်အဖြစ်ဖျော်သောက်လို့လည်းရပါတယ်။ ခါးသက်သက်အရသာကို အနည်းငယ်လျော့ချင်ရင် ပျားရည်အနည်းငယ်ထည့်ပါ။
ရှားစောင်းလက်ပတ် ဖျော်ရည်
ဆီးချို Type 2 သမားတွေအတွက် သင့်တော်ပါတယ်။
ရှားစောင်းလက်ပတ်ကိုဆေးပြီး အထဲက အနှစ်တွေကို ခရားတစ်လုံးထဲထည့်ပါ။ ပြီးရင် ရေထည့်ပြီး အနှစ်တွေကို ရေထဲပျော်ဝင်အောင် လုပ်ပါ။ ပြီးရင် အရသာပိုကောင်းစေဖို့ ပျားရည် သို့မဟုတ် သံပုရာရည်ကို ထည့်လို့ရပါတယ်။ နေ့စဉ်သောက်သုံးပေးပါ။