တမာရွက်လို့ ပြောရင် တမာချဉ်ဟာ ထိပ်ဆုံးက ရောက်လာပါလိမ့်မယ်။ တမာရွက်ကို အချဉ်ထည့်ပြီး စားကြတာများပါတယ်။ ထမင်းမြိန်ပြီး စားလို့ကောင်းတဲ့ တို့စရာ တစ်မျိုးပါ။

တမာရွက်ဟာ ခါးသက်သက် အရသာ ရှိပြီး တမာကြီး၊ တမာလေးဆိုပြီး ၂မျိုး ရှိပါတယ်။ အချဉ်ထည့်စားတာကတော့ တမာလေးကို စားကြတာပါ။ တမာရွက်ဟာ ခါးတဲ့အရသာ ရှိတာကြောင့် သလိပ်နဲ့ သည်းခြေကို နိုင်စေပါတယ်။ နူနာပိုးနာနဲ့ သင့်လျော်ပါတယ်။ ချောင်းဆိုးနေရင် တမာရွက်ကို ပြုတ်သောက်ကြပြီး ဆီးသွားစေပါတယ်။ အချို့ ယားနာရှိတဲ့လူတွေ တမာရွက်ပြုတ်ရည်နဲ့ ရေချိုးရင် သက်သာစေပါတယ်။

တမာရွက်ကို အချဉ်ထည့်တဲ့ နေရာမှ ဆီးသီးနဲ့ ပြုတ်ပြီးလည်းူ ထည့်ကြပါတယ်။ တချို့ကတော့ မန်ကျည်းသီးနဲ့ ပြုလုပ်ကြပါတယ်။ ပြုလုပ်ပုံကတော့  ဦးစွာ တမာရွက်ကို ရေနွေး ခပ်နွေးနွေးနဲ့ ဖျော၊ ခဏထားပြီး ဆယ်လိုက်ပါ။ မန်ကျည်းမှည့်နဲ့ ရောပြီး ၃-၄ ရက်လောက် ထားရင် တမာချဉ် မွှေးမွှေးလေး စားလို့ ရပါပြီ။

တမာရွက်ကို အခြောက်လှန်းပြီး အမှုန့်ပြုလုပ်ကာ သွားဖုံးတွေကို သိပ်ပေးရင် သွေးကို ခိုင်စေပြီး ရေစီးကမ်းပြိုရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။ တမာရွက်ကို ဆီးချို၊ သွေးချိုသမားတွေ ပြုတ်ရည်သောက်ပေးတာဖြစ်ဖြစ် အမှုန့်လုပ်ပြီး ရေနွေးနဲ့သောက်တာဖြစ်ဖြစ် လုပ်ပေးရင် ရပါတယ်။

Photo Credit: shwenyartharlay