စာဖတ်သူတို့ရဲ့ မီးဖိုချောင်ထဲမှာ ဘယ်ဆီကို အသုံးအများဆုံးဖြစ်မလဲ။ အုန်းဆီနဲ့ သံလွင်ဆီမှာရော ဘယ်ဆီက နှလုံးကျန်းမာရေး၊ အသားအရေအလှအပနဲ့ ဆံကေသာအလှအပအတွက် ပိုပြီး အထောက်အကူ ပြုမယ်လို့ ထင်ပါသလဲ။

ဒီဆီနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ ဘယ်ဆီက ပိုကောင်းလဲ ဘယ်ဆီက ကျန်းမာရေးနဲ့ ပိုညီညွှတ်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

အရင်ဦးဆုံး သူတို့ရဲ့အာဟာရပါဝင်မှုနှုန်းကို လေ့လာကြည့်လိုက်ရအောင်။

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း မှာ ကယ်လိုရီဓာတ် ၁၂၀ ပါဝင်သလို အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းမှာလည်း ၁၂၀ ကယ်လိုရီပါဝင်ပါတယ်။ စုစုပေါင်းအဆီဓာတ် ၁၄ ရာခိုင်နှုန်းစီ ပါဝင်ပြီး သံလွင်ဆီကတော့ တစ်ဇွန်းမှာ ပြည့်ဝဆီ ၁ ဆ ပါဝင်ပြီး အုန်းဆီ တစ်ဇွန်းမှာကတော့ ပြည့်ဝဆီ ၁၂ ဆ ပါဝင်ပါတယ်။

အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့အစည်းရဲ့ပြောကြားချက်အရ ခန္ဓာကိုယ်က တစ်နေ့ကို အဆီဓာတ် ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိသာ လိုအပ်ပြီး ပြည့်ဝဆီကိုတော့ ၇ ရာခိုင်နှုန်းထက်ပိုပြီး မစားသုံးသင့်ပါဘူး။ ဒါဆိုရင်တော့ အုန်းဆီက သံလွင်ဆီထက် ပြည့်ဝဆီပါဝင်မှု မြင့်မားနေတာကို တွေ့ရပါတယ်။

အုန်းဆီနဲ့ သံလွင်ဆီကို ဒီထက်ပိုပြီး တိကျအောင် နှိုင်းယှဉ်ရမယ်ဆိုရင်တော့

အုန်းဆီက အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ပြီး လက်၊ မျက်နှာနဲ့ ခြေထောက်အသားအရေအတွက် အစိုဓာတ်ကို ဖြည့်တင်ပေးနိုင်ပါတယ်။ ဆံပင်ရဲ့အစိုဓာတ်ကိုလည်း ဖြည့်တင်းပေးပြီး သဘာဝဆံပင်ပျော့ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အုန်းဆီကို မိတ်ကပ်ဖျက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

တစ်ဖက်မှာတော့ သံလွင်ဆီက အုန်းဆီကထက် အစိုဓာတ်ပိုဖြည့်တင်းပေးနိုင်ပြီး ဆံကေသာ အုံထူသူများ၊ ဆံပင်ကောက်သားများသူများနဲ့ ဆံပင်ဖွာသူများအတွက် အထိရောက်ဆုံး ဆီတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာများ၊ အတွင်းခံအင်္ကျီ၊ ဘောင်းဘီများကြောင့် အရေပြားပွန်းပဲ့ခြင်း၊ ကလေးငယ်များ ဒိုင်ပါကြောင့် အရေပြားလောင်ခြင်းတို့ကိုလည်း သံလွင်ဆီက ကုသပေးနိုင်ပါတယ်။

ဒါ့အပြင် သံလွင်ဆီထဲမှာ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ ကောင်းမွန်သောအဆီဓာတ်များ ပါဝင်ပြီး သွေးပေါင်ချိန်ကို လျော့ချပေးကာ နှလုံးသွေးကြောရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသားအရေ ပျက်စီးခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းနှင့် အခြားသော ရောဂါများထံမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ စာဖတ်သူတို့အနေနဲ့ အုန်းဆီနဲ့ သံလွင်ဆီက ဘယ်ဆီက ကျန်းမာရေးနဲ့ ပိုညီညွှတ်လဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။

Source: Stylecraze.com