လျှားစောင်းလက်ပတ် အနွယ်ဝင် နားဂါးမောက်သီးပင်ဟာ တောင်အမေရိကတိုက်နဲ့ မက္ကစီကိုဒေသတို့မှာ စတင်တွေ့ရှိခဲ့ကြပြီး ယခုအခါမှာတော့ အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်။

ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ် ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန်မှာတော့ မြေပဒေသာကျွန်းထဲမှာ အပင်တစ်ချို့ တွေ့ခဲ့ရပါတယ်။

အရသာအနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ်မဆိုနိုင်ပေမယ့် ကျန်းမာရေးအတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့ အသီးလည်း ဖြစ်ပါတယ်။

အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာပါဝင်ပြီး နဂါးမောက်သီးအမှည့်အခွံဟာ အများအားဖြင့် နီရဲတဲ့ အရောင်အဆင်းရှိပြီး အဝါရောင်လည်း ရှိတတ်ပါတယ်။ အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင်နှစ်မျိုး ရှိပါတယ်။

နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်းရှိသောကြောင့် သွေးတိုး ဆီးချိုးသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်။

ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုးပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကို ကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ်စိုပြေစေခြင်း၊ အစာစားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဉာဏ်အားနှင့် မျက်လုံး အားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာ ပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်။ နလံထ လူမမာများအတွက် အထူးသင့်လျော်သော အသီးဖြစ်ပါတယ်။