နေ့လည် နေ့ခင်း အစာပြေ ပလာတူးငါး မုန့်တီသုတ်လေး လုပ်စားရအောင်

လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁။ ပလာတူးငါး

၂။ မုန့်တီ ( မုန့်ဟင်းခါးဖတ်)

၃။ ပူစီနံ

၎။ ငရုပ်သီးစိမ်း

၅။ ငရုပ်သီးခြောက်မှုန့်လှော်

၆။ ကြက်သွန်နီ

၇။ ကြက်သွန်မြိတ်

၈။ ပဲတောင့်ရှည်

၉ ။ ပဲငံပြာရည်

၁၀။ ငံပြာရည်

၁၁။ နံနံပင်

၁၂။ ရှမ်းနံနံ

၁၃။ သကြား

၁၄။ သံပရာသီး

ပြုလုပ်နည်း အဆင့်ဆင့် 

၁။ ပလာတူးငါးကို ကြော်လိုက်ပါ။

၂။ ငရုပ်သီးစိမ်း ကို သေးသေးလေးလှီး၊ ကြက်သွန်နီကို မထူး၊ မပါးလေး လှီးပါ။ ပဲတောင့်ရှည်ကို သေးသေးလေး လှီးထားပါ။

ပြီးတော့ ကြက်သွန်မြိတ်၊ နံနံပင် ၊ရှမ်းနံနံတို့ကို သေးသေးလေးလှီးထားပါ။  သံပရာရည်ညှစ်လိုက်ပါ။

ပလာတူးငါး မုန့်တီသုတ်

ငရုပ်သီးခြောက်မှုန့် ထည့်လိုက်ပါ။ သကြားအနည်းငယ်၊ ပဲငံပြာရည်၊ ငံပြာရည် အနည်းငယ်ထည့်ပြီး မွှေလိုက်ပါ။ ချဉ်၊ ချို ၊ ငန် ကိုမြည်းကြည့်လိုက်ပါ။ ဟင်းချိုမှုန့် မည့်ရင်တော့ ပဲငံပြာရည် ကို နည်းနည်းပိုထည့်ပါ။

၃။ နောက် ပလာတူငါးကို အရိုး ထုတ်ကာ အမျှင်လေး လုပ်ပြီး ထည့်လိုက်ပါ။ နောက် မုန့်တီဖတ်ကို ထည့်ကာ ရောမွှေလိုက်ပါ။

နောက်ဆုံး ပူစီနံကိုထည့်သုတ်လိုက်ပါ။

အရသာရှိတဲ့ ပလာတူး ငါး မုန့်တီသုတ်ရပါမယ်။