သင်္ဘောသီးဘဲ စားလို့ရတာမဟုတ်ပါဘူး။ သင်္ဘောသီးပင်ရဲ့ အရွက်ကလည်း ကျန်းမာရေးအတွက် အရမ်းကို အကျိုးရှိပါတယ်။

သင်္ဘောပင်ရဲ့ အမြစ်၊ အရွက်နဲ့ အသီးအားလုံးဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာကြောင့် သင်္ဘောပင်ကို ဆေးဖက်ဝင်အပင်အဖြစ်တောင် အိန္ဒိယတိုင်းရင်းဆေးတွေက တင်စားကြပါတယ်။

သင်္ဘောသီးပင်ရဲ့ အရွက်နုလေးကို ငပိရည်နဲ့ တို့စားကြသလို သုတ်စားသူတွေလည်းရှိပါတယ်။ ဒါကြောင့် သင်္ဘောရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဝေမျှချင်ပါတယ်။

ကင်ဆာ

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင်

သင်္ဘောရွက်က ကင်ဆာရောဂါကို ကုသရာနဲ့ကာကွယ်ရာမှာ အစွမ်းထက်တဲ့ အရွက်တစ်မျိုးပါဘဲ။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဝေခဲ့တဲ့ “Journal of Ethnopharmacology” မှာ သုတေသနရလဒ်တွေကို ရေးသားထားပါတယ်။

သင်္ဘောရွက်က ရောင်ရမ်းတာတွေကို လျော့ကျစေပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အကြိတ်တွေ မဖွံ့ဖြိုး မကြီးထွားလာဖို့အတွက်လည်း တားမြစ်နိုင်စွမ်းရှိပါတယ်။

သုတေသနရလဒ်တွေကြောင့် သင်္ဘောရွက်ဟာ ကင်ဆာ၊ အလက်ဂျစ် နဲ့ တခြား ကာကွယ်ဆေးတွေမှာ ဆေးဝါးအဖြစ် ထည့်သွင်း အသုံးပြုနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

သတိထားရမယ့် အခြေအနေ

သင်္ဘောရွက်မှာပါဝင်တဲ့ Papain အင်ဇိုင်းက တည့်သူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာရှိပေမယ့် တချို့ သူတွေမှာ အလက်ဂျစ်တွေဖြစ်တတ်တယ်လို့ ဆိုထားတဲ့ သုတေသနတစ်ရပ်ကို “Ugeskrift for Laeger” ဂျာနယ်မှာ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလက ရေးသားခဲ့ပါတယ်။

ဒါ့ကြောင့် ရုတ်တရက် အများကြီးစားမယ့်အစား ကိုယ်နဲ့တည့်မတည့်ကို သိနိုင်ဖို့ သင်္ဘောရွက်အနုကလေး နည်းနည်းလောက်ကို အရင်စားပြီး တည့်မတည့် သိမှ စားသင့်ပါတယ်။