နံနံပင်က ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်ဖြစ်စေတဲ့ Heavy Metals တွေ ကို ဖယ်ရှားရာမှာ အကောင်းဆုံး ဆေးဖက်ဝင် အပင်ဘဲဖြစ်ပါတယ်။

ဒါကြောင့် နံနံပင်ကို ဟင်းချက်ရာမှာ ထည့်သွင်းချက်ပြီး စားသုံးပေးသင့်ပါတယ်။

အခုခေတ်က ဓာတ်မြေသြဇာတွေ အများကြီး သုံးစွဲနေတဲ့ခေတ်ဖြစ်တာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းတဲ့အပြင် ကိုယ်သုံးနေတဲ့ အစားအစာတွေမှာလည်း အဆိပ်အတောက်တွေ ပါဝင်နေမှာပါ။

HEAVYMETALSPIC1

နံနံပင်က မာကျုရီ ဓာတ်နဲ့ Heavy Metals တွေကို ဖယ်ရှားရာမှာ အကောင်းဆုံးဖြစ်ပြီး အရိုးပျော့၊ နှလုံးရောဂါ၊ အဆုတ်၊ ကျောက်ကပ်၊ ဦးနှောက်နဲ့ကင်ဆာ ရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် ကယ်လိုရီနဲ့ ကိုလက်စထရော ပါဝင်မှုနည်းပြီး သတ္တုဓာတ်နဲ့ဗီတာမင်ဓာတ်တွေဖြစ်တဲ့ ဗီတာမင်   K, A ၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်တို့လည်း ပါဝင်ပါတယ်။

နံနံပင်မှာ ရောင်ရမ်းတာတွေ လျော့ကျစေသလို မှိုရောဂါတွေကင်းစေပါတယ်။

သွေးအတွင်း သကြားဓာတ်ကိုကျစေပြီး အစာအဆိပ်သင့်တာကိုလည်းကာကွယ်ပေးကာ ဘက်တီးရီးယားဝင်တာနဲ့ မှိုရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

ciliantro-600x450

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားဖို့

  • ရေခွက်တစ်ဝက်
  • တောက်တောက်စဉ်းထားတဲ့ နံနံပင်ခွက် တစ်ဝက်
  • ပန်းသီး ဖျော်ရည် ခွက်တစ်ဝက်
  • ဂျုံမြက် (Wheat Grass) (စူပါ မားကတ်တွေမှာ ရတတ်သည်။) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်မွှေပြီး ဖျော်ရည်အဖြစ် သောက်ပေးပါ။