ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်ပါ ။

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ
မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ် ။ ကော်ဖီ ဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလက် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ် ။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့ သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ် ။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့် ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ် ။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ် ။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ။

ဆီးမကြာခဏ သွားခြင်း (Urinate more often)
ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံး မှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် စုပ်ယူပါတယ် ။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ် ။

ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)
ကဖင်းက ရေဓာတ်စုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ် ။ ဒါကြောင့် dehydration မဖြစ် အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ် ။ အကယ်၍ ရေသောက် နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ် ။

ဆီးမသန့်ခြင်း (Urinary incontinence)
တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး ။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ် ။

ကျောက်တည်ခြင်း (Kidney stones)
ကျောက်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ ။ calcium oxalate stones လို့ခေါ်တဲ့ ကျောက်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ် ။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ် ။

ကျောက်ကပ် ရောဂါ (Kidney disease)
polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန် အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး ။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက် ကို လုပ်ဆောင်ပေးပါတယ် ။ သူသာ အလုပ်မလုပ်တော့
ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ် ။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ် ။ ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ် ။

Credit: International News for Myanmar