ကိုယ်အလေးချိန် တက်လို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ နာနတ်သီးလေး စားရင်း ဝိတ်ချကြည့်လိုက်ရအောင်။

အခုဖော်ပြပေးမယ့် နာနတ်သီး Diet က ငါးရက်အတွင်းမှာ ငါးကီလို လျော့ကျသွားစေမှာပါ။

ပထမရက်

ပထမရက် မနက်နိုးလာချိန်မှာ ပျားရည်၊ ပန်းသီးရှာလကာရည်တို့ဖြင့် ရောဖျော်ထားတဲ့ ရေနွေးနွေးတစ်ခွက် သောက်ပါ။

မနက် ၈ နာရီခွဲဝန်းကျင်မှာ နာနတ်သီး ပန်းကန်လုံးအသေး တစ်ခွက်စာနှင့် အုတ်ဂျုံတို့ကို စားသုံးပါ။

နေ့လည်စာအဖြစ် တူနာငါးကင်နှင့် နာနတ်သီး တစ်ခွက်စာ စားပါ။

ညနေစာအဖြစ် လတ်လတ်ဆတ်ဆတ်ဖျော်ထားသော နာနတ်သီးဖျော်ရည်သောက်ပါ။

ညစာအဖြစ် ခရမ်းချဉ်သီး၊ ကိုက်လန်၊ နာနတ်သီးတို့ဖြင့် သုပ်ထားသော ဟင်းရွက်သုပ်နှင့် ကြက်ကင် စားသုံးပါ။

ဒုတိယရက်

မနက် အိပ်ရာနိုးတဲ့အခါ Detox Water တစ်ခွက်သောက်ပါ။ မနက်စာအဖြစ် နာနတ်သီး ပန်းကန်လုံးတစ်ခွက်စာနှင့် မွှေကြော်ထားသော ကြက်ဥ ၂ လုံး စားပါ။

နေ့လည်စာအဖြစ် နာနတ်သီး၊ သံပုယိုသီးတို့ဖြင့် သုပ်ထားသော ကြက်သားသုပ် စားပါ။

ညနေစာအဖြစ် နာနတ်သီး၊ ဖရဲသီး၊ သံပုယိုရည်၊ ပင်စိမ်းရွက်တို့ဖြင့် ဖျော်စပ်ထားသော ဖျော်ရည်တစ်ခွက် သောက်ပါ။

ညစာအဖြစ် ဆော်လမွန်ငါးကင်၊ ဆီနည်းနည်းဖြင့် ကြော်ထားသော ဟင်းရွက်ကြော်၊ နာနတ်သီးတစ်ခွက်စာ တို့ကို စားသုံးနိုင်ပါတယ်။

တတိယရက်

မနက်နိုးလာတဲ့အခါ သံပုရာရည် အနည်းငယ်ဖြင့် ထည့်ဖျော်ထားသော Green Tea ဖျော်ရည်တစ်ခွက် သောက်ပါ။ မနက်စာအဖြစ် နာနတ်သီးဖျော်ရည်တစ်ခွက်နှင့် မှို ကြက်ဥရောကြော်တို့ကို စားသုံးပါ။

နေ့လည်စာအဖြစ် ဆလပ်ရွက် တူနာငါးနှင့် နာနတ်သီး တစ်ခွက်စာ (သို့) ပဲပင်ပေါက်နှင့် နာနတ်သီး တစ်ခွက်စာတို့ကို စားသုံးနိုင်ပါတယ်။

ညနေစာအဖြစ် သံပုယိုရည် အနည်းငယ်ဆမ်းထားတဲ့ နာနတ်သီး ပန်းကန်လုံးတစ်ဝက်စာ စားသုံးပါ။ ညစာအဖြစ် ဟင်းရွက်စုံ ကြက်သားကြော်နှင့် နာနတ်သီးဖျော်ရည်တစ်ခွက် သောက်သုံးနိုင်ပါတယ်။

စတုတ္ထရက်

မနက် နိုးလာတဲ့အခါ ပျားရည်၊ သံပုရည်တို့ဖြင့် ဖျော်ထားတဲ့ ရေနွေးနွေးတစ်ခွက်၊ မနက်စာကိုတော့ နာနတ်သီးဖျော်ရည်တစ်ခွက်နှင့် ဆော်လမွန်ငါးကင်၊ နေ့လည်စာအဖြစ် နာနတ်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီးစတဲ့ သီးစုံသုပ်၊ ညနေစာကိုတော့ နွားနို့ တစ်ခွက်သောက်သုံးနိုင်ပြီး ညစာအဖြစ် နာနတ်သီး ပန်းကန်လုံးတစ်လုံးစာကို တူနာငါးနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

ပဉ္စမရက်

နာနတ်သီးကို လှလှပပလေးဖြစ်အောင် ဘယ်လို ခွဲမလဲ

မနက်စောစောမှာ သစ်ကြမ်းပိုးခေါက် ဂျင်းလက်ဖက်ရည်တစ်ခွက် သောက်သုံးပါ။ ထို့နောက် မနက်စာအဖြစ် ကြက်ဥပြုတ် ၂ လုံး၊ နာနတ်သီးဖျော်ရည် တစ်ခွက်နှင့် မြေပဲအနည်းငယ်၊ နေ့လည်စာအဖြစ် ကညွှတ် မက်ကရယ်ငါးကင်နှင့် နာနတ်သီး ပန်းကန်လုံးတစ်လုံးစာ၊ ညနေစာအဖြစ် အဆီမပါသောဒိန်ချဉ် ပန်းကန်လုံးတစ်ဝက်စာ၊ ညစာအဖြစ် ခရမ်းချဉ်သီး ဟင်းနုနွယ်တို့ဖြင့် ရောနှောထားတဲ့ ကြက်သားကင်နှင့် နာနတ်သီး ပန်းကန်လုံးတစ်လုံးစာတို့ကို စားသုံးနိုင်ပါတယ်။

အထက်ဖော်ပြပါနည်းလမ်းအတိုင်း ငါးရက်တိတိ လိုက်နာစားသုံးကြည့်ပါက ကိုယ်အလေးချိန် ၅ ကီလိုခန့် သိသိသာသာ ဝိတ်ကျသွားတာကို မြင်တွေ့ရပါလိမ့်မယ်။

Source: Stylecraze.com