သွေးက ကိုယ်တွင်းအင်္ဂါတွေနဲ့ တစ်ရှူးတွေအတွက် အရေးကြီးပါတယ်။ သွေးကောင်းမွန်စွာလည်ပတ်မှုမရှိရင် ကျန်းမာရေးဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်။

ဆဲလ်တွေကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ အောက်စီဂျင်၊ အာဟာရဓာတ်နဲ့ တခြားဓာတ်တွေအများကြီးလိုအပ်ပါတယ်။ ဒီဓာတ်တွေက သွေးကနေ တစ်ဆင့် ပေးပို့ရတာဖြစ်ပါတယ်။

သွေးလည်ပတ်မှုမှာ ပိတ်ဆို့မှုတစ်ခုခုရှိနေရင် ခန္ဓာကိုယ်နာကျင်မှုတွေဖြစ်လာပါတယ်။

သွေးလည်ပတ်မှု ကို အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရင်းများ

အများအားဖြင့် စားသောက်နေထိုင်မှု ပုံစံ မမှန်ကန်မှုကြောင့်ဖြစ်ပါတယ်။

သွေးလွှတ်ကြောထဲမှာ ကိုလက်စထရောတွေများလာခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အောက်ခံဘောင်းဘီကို အရမ်းတင်းကျပ်စွာဝတ်ဆင်ခြင်း၊ ဆီးချိုနဲ့ နှလုံးရောဂါတို့ ကြောင့်ဖြစ်ပါတယ်။

သွေးလည်ပတ်မှုမကောင်းခြင်းရဲ့ လက္ခဏာများ

အဆစ်အမြစ်တွေ ကိုက်ခဲခြင်း၊ သွေးကြောတွေ အပြာနုရောင်လိုလိုမြင်ရခြင်း၊ ဆံပင်နဲ့ ခြေသည်းကျွတ်လွယ်ခြင်း၊ အနာကျက်တာ နှေးခြင်း၊ ကိုယ်ခံအားစနစ် အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စသည့် ဝေဒနာတွေ တွေ့ကြုံနိုင်ပါတယ်။

သွေးလည်ပတ်မှုကောင်းစေဖို့

မိုးမခပင် (Willow)

မိုးမခပင် (Willow) အခေါက်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းယူလိုက်ပါ။ ဖန်ခွက်တစ်ခွက်စာ ရေကို ပွက်ပွက်ဆူအောင် လုပ်ပြီး မိုးမခပင် အခေါက်ကို ထည့်ပြုတ်လိုက်ပါ။ ၁၀ မိနစ်လောက် ပြုတ်ထားပြီးနောက် သွန်လိုက်ပါ။

အဲ့ဒီအရည်ကို မနက်စာမစားခင် မိနစ် ၃၀ လောက်အလိုမှာ သောက်ပေးပါ။

တရုတ်နံနံ

တရုတ်နံနံပင်မှာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် သွေးလည်ပတ်မှုကောင်းစေပါတယ်။ အဲ့ဒီအပြင် ဆီးရွှင်စေတာကြောင့် သွေးလည်ပတ်မှုကို ပိုအားကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

တရုတ်နံနံပင် ၁ချောင်း

ရေ ဖန်ခွက် ၃ ခွက်စာ

ပြုလုပ်နည်း

တရုတ်နံနံပင် တွေကို ရေဆေးပြီး အိုးတစ်အိုးထဲထည့်ပါ။ ရေထည့်ပါ။ ပြီးရင် ပွက်ပွက်ဆူအောင် တည်ပါ။ ပွက်ပွက်စဆူလာရင် အဲ့ဒီအပူအချိန်အတိုင်းဘဲ ၁၀ မိနစ်လောက်တည်ထားပါ။ ပြီးရင် တစ်နေ့ ၃ ခွက်သောက်ပေးပါ။