တလည်းသီးသည် နီရဲပြီး အကန့်လေးတွေနဲ့ လှပတဲ့အသီးလေးဖြစ်ပါတယ်။ အရည်ရွှမ်းပြီး အရသာချိုလှတဲ့ အသီးပါ။ တလည်းသီးမှာ ဗီတာမင် b5၊ ဗီတာမင်စီ၊ ပေါ်လီဖီနော်၊ ပိုတက်စီယမ်၊ ဖလာဗိုနွိုက်များကြွယ်ဝပါတယ်။ တလည်းသီးမှာ ပါဝင်တဲ့ ဓာတ်တွေဟာ Free Radical များကို ချေဖျက်ရာမှ တန်ဖိုးမြင့်မားစေပါတယ်။
တလည်းသီးရဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ တလည်းသီးဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ကင်း၊ ကင်းမြီးကောက်လို အဆိပ်ရှိတဲ့ ပိုးမွှားတွေ အကိုက်ခံရရင် တလည်းပင်အရွက်ကို ကြိတ်ပြီး ရလာတဲ့ အရည်ကို ပွတ်ပေးပါက အဆိပ်ပြေစေပါတယ်။
တလည်းသီးဟာ အမျိုးသမီးရောဂါတွေ ဖြစ်တဲ့ ရင်သားကင်ဆာ၊ သွေးဆုံးကိုင်ရောဂါနဲ့ မီးယပ် အဖြူဆင်းရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ အမျိုးသမီးများ မီးယပ်သွေးဆုံးတဲ့အခါ အစားအသောက်ပျက်ခြင်း၊ စိတ်ကျရောဂါခံစားရခြင်း၊ သွေးဆင်းခြင်းနဲ့သွေးသွန်ခြင်းတို့ ခံစားရတတ်ပါတယ်။ တလည်းသီး အစိမ်းကို ရေနွေးနဲ့ ဆေးပြီး ညက်အောင် ထောင်းပါ။ ရလာတဲ့ အရည်အဖတ်အားလုံးကို ဆေးအဖြစ် စားပေးနိုင်ပါတယ်။ မီးယက်သွေးဆုံးကိုင် ဝေဒနာရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
အမျိုးသမီး အများစုမှာ ဖြစ်တတ်တဲ့ မီးယပ်ဖြူဆင်းခြင်းကို သက်သာစေနိုင်ဖို့ အတွက် တလည်းသီးရဲ့ အမြစ်ကို အသုံးပြုလို့ရပါတယ်။ တလည်းသီးရဲ့ အမြစ်ခေါက်ပြုတ်ရည်ကို ကျောက်ချဉ်မှုန့် အနည်းငယ်နဲ့ သမအောင် ဖျော်စပ်ပြီး သားအိမ်ဆေးကြောရည်အဖြစ် သုံးပေးလို့ရပါတယ်။ သားအိမ်အတွင်း အနာဖြစ်ခြင်း၊ ယောနိပူခြင်းနဲ့ အဖြူဆင်းခြင်းတို့ကို အထူး သက်သာစေပါတယ်။ တလည်းသီးဖျော်ရည်ဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။
Ref: Healthcare Journal 2013