ကိုလက်စထရောဓာတ်ကို ထိန်းညှိပေး

ရှားစောင်းလက်ပတ်က ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ကိုလက်စထရောဓာတ် (LDL) ကို မြှင့်တင်ပေးတဲ့အပြင် မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကိုလည်း ထိန်းညှိ လျော့ချပေးနိုင်ပါတယ်။

Triglyceride အဆင့်ကို လျော့ချပေး

သွေးထဲမှာ Triglyceride ဓာတ်များနေရင် ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ စွမ်းအင်တွေကို မလောင်ကျွမ်းနိုင်ပါဘူး။ ဒါတွေက အဆီအဖြစ် သိမ်းဆည်းသွားပါတယ်။

Triglycerideတွေ များနေရင် နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

သကြားဓာတ်ကို လျော့ချပေး

ရှားစောင်းလက်ပတ်မှာ Glucomannan ဆိုတဲ့ ပျော်ဝင်နိုင်တဲ့အ မျှင်ဓာတ်ပါဝင်ပါတယ်။ အဲ့ဒီ အမျှင်ဓာတ်က သွေးအတွင်း သကြားဓာတ်ကို လျော့ချပေးပါတယ်။

နေ့စဉ် ရှားစောင်းလက်ပတ်ကို စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေးနွေးနဲ့ ဖျော်ပြီး သောက်သုံးလို့ရပါတယ်။

ရှားစောင်းလက်ပတ်မှာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ရောင်ရမ်းမှုတွေကို လျော့နည်းစေပါတယ်။

သွေးဖိအားကို လျော့ကျစေ

ရှားစောင်းလက်ပတ်မှာ ဗီတာမင် စီ ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင် စီက သွေးလွှတ်ကြောတွေအတွက်ကောင်းမွန်ပြီး ကောင်းမွန်စွာ သွေးလည်ပတ်စေပါတယ်။