အာဟာရကျွမ်းကျင်ပညာရှင်များက သံလွင်ဆီစစ်စစ်က ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန်တယ်လို့ တညီတညွှတ်တည်းဆိုကြပါတယ်။ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ဆောင်ကျဉ်းပေးနိုင်သလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေက သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေပဲဖြစ်ပါတယ်။

သံလွင်ဆီထဲမှာ Antioxidants တွေ အမြောက်အမြားပါဝင်ခြင်း

သဘာဝသံလွင်ဆီထဲမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ထို Antioxidants များက ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးနိုင်ပြီး သွေးတွင်းကိုလက်စတောဓာတ်ကိုလည်း ထိန်းညှိပေးတာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို အစွမ်းကုန်လျော့ချပေးနိုင်ပါတယ်။

သံလွင်ဆီက ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်းတို့ကို မဖြစ်ပေါ်စေနိုင်ပါဘူး။

စာရေးသူတို့ အားလုံးထင်နေတာက ဆီစားများရင် အဝလွန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတို့ကို ဖြစ်ပေါ်စေတာပါပဲ။ ဒါပေမဲ့ သဘာဝသံလွင်ဆီကြောင့်တော့ အဝလွန်ခြင်းရောဂါနဲ့ ကိုယ်အလေးချိန်တက်ခြင်းတို့ မခံစားရနိုင်ပါဘူး။ ဒီလေ့လာချက်ကတော့ စပိန်လူမျိုး ကျောင်းသားပေါင်း ၇၀၀၀ ကျော်ကို စမ်းသပ်ချက်အရ သိရှိရတာပါပဲဖြစ်ပါတယ်။

ဦးနှောက် သွေးခဲခြင်းမှ ကာကွယ်ပေးခြင်း

ဖွံဖြိုးပြီးနိုင်ငံတွေမှာ နှလုံးရောဂါပြီးသွားရင် ဒုတိယ အများဆုံးခံစားရတဲ့ ရောဂါကတော့ သွေးခဲခြင်းရောဂါက အဖြစ်အများဆုံး ရောဂါပဲဖြစ်ပါတယ်။ သွေးခဲခြင်းကြောင့် သွေးစီးဆင်းမှု ကမောက်ကမဖြစ်ပြီး ဦးနှောက်ထဲ သွေးမရောက်တာကြောင့် အသက်ဆုံးရှုံးရသူတွေလည်း အများကြီးပါပဲ။ လူပေါင်း ၁၄၀၀၀၀ ကျော်ကို စမ်းသပ်လေ့လာပြီးတဲ့နောက်မှာ သံလွင်ဆီမှန်မှန်စားသုံးသူတွေက ထိုရောဂါကို မခံစားရဘူးလို့ သိရှိရပါတယ်။

အယ်လ်ဇိုင်းမားရောဂါ မခံစားရအောင် ကူညီပေးခြင်း

Source: medicalnewstoday.com

အယ်လ်ဇိုင်းမားရောဂါက ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး အာရုံကြောရောဂါတစ်ခုပဲဖြစ်ပါတယ်။ ဦးနှောက်ဆဲလ်ထဲမှာ Beta-Amyloid ဘက်တီးရီးယားများ စုပုံခြင်းကြောင့် အယ်လ်ဇိုင်းမားရောဂါ ခံစားရခြင်းပဲဖြစ်ပါတယ်။ ကြွက်များကို စမ်းသပ်လေ့လာချက်အရ သံလွင်ဆီထဲမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးက ထိုဘက်တီးရီးယားများကို ချေဖျက်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

Source: healthline.com