မီးဖိုချောင်မှာ ဟင်းချက်ရတာပျော်ပေမယ့် အစားအစာများ ရက်ပိုင်းအတွင်း အလွယ်တကူ ညှိုးနွမ်းခြောက်သွေ့သွားတာမျိုး၊ ဟင်းတစ်ခါ ချက်ဖို့အရေး အချိန်အကြာကြီး ပြင်ဆင်နေရတာမျိုး စတဲ့အကြောင်းအရာမျိုးစုံကြောင့် ခေါင်းခဲနေသူများအတွက် ထိရောက်မြန်ဆန်ပြီး လွယ်ကူတဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

ပန်းသီးဖြတ်စက်လေး

ပန်းသီးဖြတ်စက်လေးက ပန်းသီးတစ်ခုတည်းအတွက် အသုံးတည့်တာမဟုတ်ပါဘူး။ အာလူးအတွက်လည်း လှပတဲ့ Wedges အတုံးအခဲလေးရအောင် ကူညီပေးပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ အာလူး Wedges အမြောက်အမြား လှီးဖြတ်နိုင်သွားပါပြီ။

လင်ဗန်းထဲမှာ ပါဝင်ပစ္စည်းများ စုထားလိုက်ပါ

မိမိချက်မယ့်ဟင်းလျာအတွက် လိုအပ်မယ့် ပါဝင်ပစ္စည်းများကို လင်ဗန်းတစ်ခုထဲမှာ စုထားခြင်းအားဖြင့် ဟင်းချက်ပြီးတဲ့အခါ သင့်မီးဖိုချောင်က မွစာကြဲနေမှာမဟုတ်တော့ဘဲ သပ်သပ်ရပ်ရပ်လေးဖြစ်သွားမှာပါ။ ဒီနည်းလမ်းကတော့ အချက်အပြုတ်သင်တန်းတွေမှာ ကျွမ်းကျင်စားဖိုမှူးများအသုံးပြုခိုင်းတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

ပန်းကန်လုံးက ခဏခဏ နေရာရွေ့သွားတဲ့အခါ

အစားအစာတွေ နယ်တဲ့အခါ ပန်းကန်လုံးက ခဏ ခဏနေရာရွေ့သွားတယ်ဆိုရင် ထိုပန်းကန်လုံးအောက်မှာ အဝတ်စ မစိုအခြောက်လေးကို ခံထားပေးလိုက်ပါ။

ဝိုင်ပုလင်းများကို အမြန်အေးစေချင်တယ်ဆိုရင်

ဝိုင်ပုလင်းထက် အရွယ်အစားကြီးတဲ့ ရေကရားတစ်ခုထဲသို့ ရေခဲရေများထည့်ပါ။ ရေခဲတုံးအနည်းငယ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီးနောက် ဝိုင်ပုလင်းထည့်ထားလိုက်မယ်ဆိုရင် သင့်ရဲ့ဝိုင်ပုလင်းက အချိန်တိုအတွင်း အမြန်အေးမြသွားပါလိမ့်မယ်။

ရေခဲမုန့်များ အမြန်အရည်ပျော်မသွားအောင် အေးခဲနေစေချင်တယ်ဆိုရင်

ရေခဲမုန့်ဘူးလေးကို လေအိတ်အဖုကလေးများပါတဲ့ ပလပ်စတစ်အိတ်ဖြင့် ပတ်ထားပေးလိုက်ပါ။ အချိန်ကြာသည်အထိ အေးခဲနေစေမှာဖြစ်ပါတယ်။

ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ကြက်ဥများကို အခန်းအပူချိန်အတိုင်း အမြန်နွေးသွားစေချင်တယ်ဆိုရင်

ကိတ်မုန့်ဖုတ်တဲ့အခါ ကြက်ဥတွေကို အသုံးပြုရပြီး ထိုကြက်ဥတွေကလည်း အေးစက်မနေရဘဲ အခန်းအပူချိန်အတိုင်းဖြစ်ဖို့ အရေးကြီးပါတယ်။ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ကြက်ဥတွေကို အလျင်အမြန်နွေးသွားစေချင်တဲ့အခါ ရေနွေးနွေးလေးထဲ မိနစ်အနည်းငယ်ကြာ စိမ်ထားပေးလိုက်ပါ။

မြေပဲထောပတ် ပုလင်းကို မလှုပ်ခါပါနဲ့

မြေပဲထောပတ်ပုလင်းထဲမှာဆိုရင် ဆီတွေက ပုလင်းအောက်ခြေမှာ အနည်ထိုင်လေ့ရှိပါတယ်။ ထိုဆီတွေကို ပျံ့နှံ့သွားဖို့ဆိုပြီး မွှေစရာ၊ လှုပ်ခါစရာမလိုပါဘူး။ ပုလင်းလေးကို မှောက်ခုံလှန်ထားပေးလိုက်ရုံပါပဲ။ ဒါပေမဲ့ ပုလင်းအဖုံးကို သေသေချာချာအလုံပိတ်ထားဖို့တော့လိုမယ်နော်။

Source: Tasteofhome.com