ခေါင်းကိုက်လာရင် အများအားဖြင့် ခေါင်းကိုက်ပျောက်ဆေးတွေ၊ အကိုက်အခဲ ပျောက်ဆေးတွေ သောက်သုံးကြပါတယ်။

အဲ့လို ဆေးဝါးတွေ အလွယ်တကူမရှိတဲ့ အခြေအနေမျိုး ဒါမှမဟုတ် ဆေးဝါးတွေကို မသောက်သုံးချင်တော့ဘဲ သဘာဝနည်းလမ်းနဲ့ ဆေးမြစ်ဖျော်ရည်တွေကို သောက်သုံးချင်သူတွေအတွက် နည်းလမ်းလေး ဝေမျှပေးလိုက်ပါတယ်။

နနွင်း လက်ဖက်ရည်

turmeric-500x312

နနွင်း ရေနွေးကြမ်းက ခေါင်းကိုက်၊ အဆစ်အမြစ်နာကျင်မှုနဲ့ ဓမ္မတာ ဆိုင်ရာ နာကျင်မှုများအတွက် ကောင်းပါတယ်။

ရေတစ်ခွက်

ပါးပါးလှီးထားတဲ့ ဂျင်း ခွက်တစ်ခွက်စာ

နနွင်းပင်ရဲ့ အမြစ် ကို ပါးပါးလှီးပြီး ခွက် တစ်ခွက်စာ

စားလို့ရတဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်း အမည်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၅ ပုံ ၁ပုံ

သံပုရာသီး တစ်စိတ်

ပြုလုပ်နည်း

1

ရေကို ဆူအောင်တည်ပါ။ ဂျင်းနဲ့ နနွင်းတို့ကို ထည့်ပြီး ၁၅ မိနစ်ထားပါ။ တခြားပါဝင်ပစ္စည်းများကို ထည့်ပါ။ အချိုကြိုက်ရင် ပျားရည်ထည့်ပါ။ နွားနို့ကြိုက်ရင်လည်း ထည့်သောက်လို့ရပါတယ်။