ဟင်းချက်တိုင်းမှာ မရှိမဖြစ်လိုအပ်ပြီးတော့ မီးဖိုချောင်တိုင်းမှာ အမြဲရှိတဲ့ ကြက်သွန်ဖြူတွေမှာ ကျန်းမာရေးအတွက် အစွမ်းသတ္တိတွေ အများကြီးရှိနေတယ်ဆိုတာ အားလုံးနီးပါးသိထားပြီးဖြစ်မှာပါ။ ဒါပေမယ့် လူအများစု သေချာမသိသေးတဲ့ နောက်ထပ်တစ်ချက်ကတော့ အမြဲလွှင့်ပစ်လေ့ရှိတဲ့ ကြက်သွန်ဖြူအခွံတွေရဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

ရုရှားလူမျိုးတွေဟာဆိုရင် ကြက်သွန်ဖြူအခွံတွေကို ဘယ်တော့မှလွှင့်ပစ်ခြင်းမရှိဘဲ အမြဲသိမ်းဆည်းထားကာ ကျန်းမာရေးအတွက် ပြန်လည်အသုံးပြုလေ့ရှိပါတယ်။

Source: Lifehacker Australia

ဒါဆိုရင်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပစ်ဖို့၊ သွေးလေလည်ပတ်အားကောင်းစေဖို့အတွက် ကြက်သွန်ဖြူအခွံက ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားပေးခြင်း

Source: Natural Cures

ကြက်သွန်ဖြူအခွံတွေကို ထောင်းပြီးလို့ ရလာတဲ့အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးတစ်ခွက်နဲ့ ရေမွှေကာ စစ်လိုက်ပါ။ အအေးခံပြီးတော့ သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ တစ်ခါသောက်တစ်ဇွန်းကို တစ်နေ့လျှင် သုံးကြိမ်အနေနဲ့ တစ်လသောက်သုံးပေးပါ။ ပြီးရင်တော့ ဆယ်ရက်နားပေးပါ။

အအေးမိဖျားနာခြင်းတွေကို ကာကွယ်ပေးခြင်း

Source: The Conversation

ကြက်သွန်ဖြူခွံတွေကို လက်တစ်ဆုပ်စာ အပြည့်ယူလိုက်ပြီးတော့ အပူပေးထားတဲ့ ဒယ်အိုးပေါ်ကို တင်ပေးလိုက်ကာ ထွက်လာမယ့် အငွေ့ကို ရှူရှိုက်ပေးလိုက်ပါ။ နေထိုင်မကောင်းဖြစ်နေတဲ့ တစ်ပတ်လုံးမှာ နေ့တိုင်းလုပ်ပေးရမှာဖြစ်ပြီးတော့ အအေးမိဖျားနာခြင်း၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးမှာဖြစ်ပါတယ်။

ဝမ်းလျောမှုကို သက်သာစေခြင်း

Source: healthline.com

အကယ်လို့ ဝမ်းက မထိန်းမရပ်နိုင်လောက်အောင် သွားလွန်းနေတယ်ဆိုရင်တော့ မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူအခွံမှုန့် ဇွန်းအသေးတစ်ဇွန်းစာကို ရေနဲ့ဖြစ်ဖြစ် ရေနွေးနဲ့ဖြစ်ဖြစ် သောက်သုံးပေးပါ။ နှစ်ရက်သောက်သုံးပေးပါက ဝမ်းပျက်တာကို အရှင်းမပျောက်စေရင်တောင်မှ သက်သာစေမှာဖြစ်ပါတယ်။

စိတ်လက်ပေါ့ပါးစေခြင်း

Source: Verywell Mind

ကြက်သွန်ဖြူငါးမြွှာကို အသားကြိတ်စက်ထဲထည့်ကြိတ်ပြီးတော့ ပျားရည် လီတာတစ်ဝက်၊ သံပုယိုသီးငါးလုံးအရည်တို့နဲ့ နှပ်ထားလိုက်ပါ။ တစ်ပတ်ကြာကြာ လေလုံအောင် စိမ်ပေးထားပြီးနောက်မှာ တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း ၄ ဇွန်း သောက်သုံးပေးပါ။

Featured Image Source: DealsPlus