ဆိုဒါဖျော်ရည်တွေက လူကို လန်းဆန်းစေပေမယ့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

လိုအပ်တဲ့ အာဟာရဓာတ်တွေ မရနိုင်

01_orangejuice_Reasons-to-Avoid-All-Soda-That-Means-Diet-Too_519520759_Africa-Studio-380x254

ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပေးစွမ်းနိုင်တဲ့ နွားနို့၊ အသီးဖျော်ရည်တွေ သောက်မယ့်အစား ဆိုဒါဖျော်ရည်တွေသာ သောက်တာကြောင့် ဗီတာမင် အေ၊ ကယ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ချို့တဲ့နိုင်ပါတယ်။

အဲ့ဒီအပြင် ဆိုဒါမှာ Phosphoric အက်ဆစ်ပါဝင်ပြီး အဲ့ဒီ အက်ဆစ်က ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနေတဲ့ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် ဓာတ်တွေကို သုံးစွဲပစ်လိုက်ပါတယ်။

ဆီးချိုဖြစ်နိုင်

02_bloodtest_Reasons-to-Avoid-All-Soda-That-Means-Diet-Too_173815727_Image-Point-Fr-380x254

ဆိုဒါတွေမှာ High-Fructose Corn Syrup ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်း free radicals တွေ ထုတ်လုပ်မှုများပြီး တစ်ရှူးပျက်စီးနိုင်ကာ ဆီးချိုလည်း ဖြစ်နိုင်ပါတယ်။

အချိုရည် ဗူးတွေကလည်း ကျန်းမာရေး ထိခိုက်နိုင်

03_bottles_Reasons-to-Avoid-All-Soda-That-Means-Diet-Too_498161794_Teerasak-Ladnongkhun-380x254

ဆိုဒါအချိုရည် ထည့်တဲ့ ပလပ်စတစ်ဗူးတွေကလည်း Bisphenol A (BPA) ပါဝင်တာကြောင့် ဗူးကနေတစ်ဆင့် ဆိုဒါဖျော်ရည်ထဲဝင်ပြီး ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။ BPA ဓာတ်က ကိုယ်ခံအာစနစ်ကို ထိခိုက်စေတာကြောင့် အထူးသဖြင့် ကလေးတွေမှာ သတိထားသင့်ပါတယ်။

ကိုယ်အလေးချိန် တိုးမြင့်နိုင်

04_waist_Reasons-to-Avoid-All-Soda-That-Means-Diet-Too_205314397_Monkey-Business-Images-380x254

Diet Soda တွေတောင် ကိုယ်အလေးချိန်ကို တက်စေပါတယ်။ လူပေါင်း ၁၅၅၀ ကို သုတေသနပြုလုပ်ခဲ့ရာ Diet Sodaကို တစ်နေ့ ၁ ဗူးသောက်သူဟာ ကိုယ်အလေးချိန် တက်တာနဲ့ အဝလွန်တာကို ၄၁ ရာခိုင်နှုန်းဖြစ်စေပါတယ်။

ချိုတဲ့အရသာက အင်ဆူလင်ဓာတ်ကို တိုးမြင့်စေပြီး အဆီလောင်ကျွမ်းမှုကို တားမြစ်ပေးပါတယ်။

သကြားတွေအများကြီးပါဝင်

05_sugar_Reasons-to-Avoid-All-Soda-That-Means-Diet-Too_262465640_Rostislav_Sedlacek-380x254

ဆိုဒါ ဖျော်ရည် တစ်ဗူးမှာ သကြား ၁၀ ဇွန်းလောက်ပါဝင်ပါတယ်။ သကြားပျော်ရည်တွေအများကြီး ခန္ဓာကိုယ်ထဲဝင်သွားတဲ့အခါမှာ သွေးအတွင်းအချိုဓာတ်က တိုးမြင့်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်အလေးချိန်မြင့်၊ ဆီးချို နဲ့ တခြား ကျန်းမာရေး ပြဿနာတွေ ဖြစ်စေပါတယ်။

ရေဓာတ်ခမ်းခြောက်နိုင်

06_sweat_Reasons-to-Avoid-All-Soda-That-Means-Diet-Too_271209644_Maridav-380x254

ဆိုဒါ ဖျော်ရည်ကိုသောက်သုံးများရင် ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေပါတယ်။ သကြားဓာတ်၊ ဆိုဒီယမ်နဲ့ ကဖိန်းဓာတ်တွေပါဝင်တာကြောင့်ပါ။ လူတွေက ဆိုဒါဖျော်ရည်ကို ရေအစား သောက်သုံးတာကြောင့် ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်ပါတယ်။

အာဟာရမရှိ

ဆိုဒါ ဖျော်ရည်တွေမှာ အာဟာရဓာတ်တွေမပါဝင်ပါဘူး။ ဒါကြောင့် အရသာကောင်းပေမယ့် ကျန်းမာရေးအတွက်ကောင်းတဲ့ဓာတ်တွေ မပါဝင်ပါဘူး။

သွားကို ပျက်စီးစေနိုင်

10_dentist_Reasons-to-Avoid-All-Soda-That-Means-Diet-Too_493035859_Pop-Paul-Catalin-380x254

ဆိုဒါဖျော်ရည်သောက်တာများရင် သွေးပိုးပေါက်တွေဖြစ်လာပြီး သွားအခေါင်းပေါက်တွေဖြစ်စေပါတယ်။ ပါးစပ်ထဲမှာရှိနေတဲ့ သဘာ၀ ဘက်တီးရီးယား ပိုးမွှားတွေက သကြားဓာတ်နဲ့ပေါင်းပြီး အက်ဆစ်တွေဖြစ်စေပါတယ်။ အက်ဆစ်က သွားပျက်စီးတာ၊ သွားအခေါင်းပေါက်တွေဖြစ်စေပါတယ်။