စာဖတ်သူအနေနဲ့ ကြက်ဥကို ဖောက်ပြီးတဲ့အခါ ကြက်ဥအခွံကို အလွယ်တကူ လွှင့်ပစ်နေမိပြီလား။

တကယ်တော့ ကြက်ဥအခွံက အမှိုက်တစ်ခုဆိုတာထက် များစွာအသုံးတည့်တဲ့သဘာဝပစ္စည်းတစ်ခုဖြစ်တာကြောင့် စာဖတ်သူအနေနဲ့ အလဟဿမဖြုန်းတီးဘဲ ယခုဖော်ပြပါနည်းလမ်းများဖြင့် အသုံးတည့်အောင် အသုံးချသင့်ပါတယ်။

စိုက်ပျိုးရလွယ်ကူအောင် ကူညီပေးခြင်း

ကြက်ဥအခွံများက မြေဆီလွှာရဲ့အက်ဆစ်ဓာတ်လွန်ကဲမှုကို လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥအခွံကို ဖောက်ပြီးတိုင်းမှာ ကြက်ဥအခွံရဲ့အထဲကအမြှေးပါးများကို ဖယ်ရှားကာ ထည့်ခွက်တစ်ခုထဲထည့်ကာ အခြောက်ခံထားပါ။ ကြက်ဥအခွံများများ စုမိသွားတဲ့အခါမှာတော့ မြေဆီလွှာများဖြင့် ရောနှောလိုက်လို့ရပါပြီ။

ပန်းခြံဥယျာဉ်လေးကို အလှဆင်နိုင်ခြင်း

ကြက်ဥအခွံကို ရေဆေးပြီးနောက် အခြောက်ခံထားပါ။ ထို့နောက် မြေဆီလွှာအနည်းငယ်ထည့်ပါ။ မိမိစိုက်ပျိုးချင်သော အပင်ရဲ့အစေ့များထည့်ကာ စိုက်ပျိုးထားနိုင်ပါတယ်။ အပင်များ ကြီးလာတဲ့အခါမှာတော့ ပန်းအိုးထဲ ပြောင်းစိုက်နိုင်ပါပြီ။

ကြက်ဥအနှစ်ခွဲစက်

ကြက်ဥအနှစ်နဲ့ အကာကို ခွဲခြားဖို့အတွက် စက်ပစ္စည်းထွေထွေထူးထူး ဝယ်စရာမလိုပါဘူး။ ကြက်ဥအခွံအသုံးပြုပြီး အနှစ်နဲ့ အကာကို အလွယ်တကူ ခွဲထုတ်နိုင်ပါတယ်။

ကော်ဖီခါးခါးမကြိုက်သူများအတွက် ကြက်ဥအခွံရဲ့အသုံးဝင်ပုံ

ကြက်ဥအခွံကို ရှာလကာရည်ဖြင့် သန့်စင်အောင် ဆေးကြောပါ။ ထို့နောက် ရေဖြင့် ထပ်မံဆေးကြောလိုက်ပါ။ ပြီးရင်တော့ ကြက်ဥအကာကို သေးသေးလေးဖြစ်အောင် ချေမွလိုက်ပါ။ ချေမွထားတဲ့ ကြက်ဥအခွံများကို ကော်ဖီထည့်သောက်တဲ့အခါ ဖျော်သောက်ပေးလိုက်မယ်ဆိုရင် ကော်ဖီရဲ့အက်ဆစ်ဓာတ် လွန်ကဲနေမှုကို လျော့ချပေးပါလိမ့်မယ်။

ပိုးမွှားများ ဖယ်ရှားပေးနိုင်ခြင်း

Eggshell

သင့်ရဲ့ဥယျာဉ်ခြံထဲသို့ ခရု၊ ပတ်ကျိနဲ့ အခြားအင်းဆက်ပိုးမွှားများ မကြာခဏလာရောက်လည်ပတ်လေ့ရှိလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ကြက်ဥအခွံများကို မြေကြီးပတ်ပတ်လည်မှာ ဖြန့်ကျဲထားလိုက်ပါ။ အင်းစက်ပိုးမွှားများက ကြက်ဥအခွံရဲ့စူးရှချွန်ထက်ရဲ့ရန်ကို ကြောက်တဲ့အတွက်ကြောင့် ဝေးဝေးပြေးသွားပါလိမ့်မယ်။

အသားအရေ ယားယံမှုကို သက်သာစေခြင်း

Egg Shell Toothpaste

အလှအပစိတ်ဝင်စားသူများအတွက်ကတော့ ကြက်ဥအခွံက အသုံးတည့်တဲ့ သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ကြက်ဥအခွံကို ရှာလကာရည်ထည့်ထားသော ခွက်ထဲတွင် ၂ ရက်ခန့် စိမ်ထားလိုက်ပါ။ ထို့နောက် အရေပြားယားယံသောနေရာပေါ်တွင် သုတ်လိမ်းပေးလိုက်မယ်ဆိုရင် နီရဲယားယံမှုကို သက်သာစေမှာပဲဖြစ်ပါတယ်။

Source: Tasteofhome.com