အရင်တုန်းက လူကြီးသူမတွေ ရေကို သေချာထိုင်ပြီး သောက်ခိုင်းလေ့ရှိပါတယ်။ ပြေးလွှား၊ မတ်တတ်ရပ်ပြီး မသောက်ဖို့ သတိပေးပြောလေ့ရှိပါတယ်။

ရေသီးမှာစိုးလို့ ပြောတာလို့ ထင်ခဲ့ပေမယ့် ရေကို မတ်တပ်ရပ်ပြီး သောက်ရင် ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ကြောင်းကို သိပ္ပံစမ်းသပ်ချက်တစ်ခုအရ သိခဲ့ရပါတယ်။

arthritis

အဆစ်ရောင် ရောဂါတွေဖြစ်လာနိုင်

မတ်တပ်ရပ်ပြီး ရေသောက်တာများလာရင် အဆစ်ရောင်ရောဂါဖြစ်လာနိုင်ပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်ရင် ခန္ဓာကိုယ်ထဲက အရည် ကို မထိန်းညှိနိုင်တော့ဘဲ အဆစ်တွေထဲမှာ အရည်တွေ စုပြုံလာနိုင်တာကြောင့် အဆစ်ရောင် ရောဂါတွေဖြစ်လာနိုင်ပါတယ်။

gastrointestinaltract

အစာအိမ်ကို ထိခိုက်နိုင် 

မတ်တပ်ရပ်ရင် ရေကို မြန်မြန်သောက်ချလိုက်ရင် ရေက အရှိန်နဲ့ လည်မြိုကနေတစ်ဆင့် အစာအိမ်ထဲကိုဝင်ရောက်သွားတာကြောင့် အစာအိမ်နံရံကို ထိခိုက်စေပါတယ်။ အချိန်ကြာလာရင် အစာခြေစနစ်ကို ထိခိုက်နိုင်ပါတယ်။

ပိုပြီး ရေငတ်

မတ်တပ်ရပ်ပြီး ရေသောက်ရင် သင် ရေငတ်သိပ်မပြေဘဲ ခဏခဏ သောက်မိနေပါလိမ့်မယ်။ ရေငတ်နေရင် ခုံတစ်ခုံမှာ သို့ တစ်နေရာမှာ သေချာထိုင်ပြီးသောက်မှ ရေငတ်တဲ့ခံစားချက် ပြေပျောက်သွားပါလိမ့်မယ်။

kidneywaterfiltration

ကျောက်ကပ်က ရေတွေကို သေချာစွာ မသန့်ရှင်း မစီစစ်နိုင်

မတ်တပ်ရပ်ပြီး ရေသောက်ရင် ကျောက်ကပ်ရဲ့ သန့်ရှင်း စီစစ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အနယ်တွေက ကျောက်ကပ်ထဲမှာဘဲ ကျန်ရစ်ခဲ့ပြီး ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ် ရောဂါတွေ ဖြစ်ပေါ်စေပါတယ်။

ခန္ဓာကိုယ်ထဲမှာရှိတဲ့ အက်ဆစ်တွေကို အားပျော့အောင်မလုပ်နိုင်

ရေကိုသောက်တဲ့နေရာမှာ ထိုင်ပြီး ဖြည်းဖြည်းချင်းသောက်ရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့နေရာတွေကို အလွယ်တကူ သယ်ပို့ပေးနိုင်သလို ခန္ဓာကိုယ်ထဲက အက်ဆစ်ဓာတ်တွေ အားပျော့အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။