အရမ်းပူပြီး အိုက်စက်မောပန်းနေပါသလား။ ခန္ဓာကိုယ်ရော၊ စိတ်ပါလန်းဆန်းသွားမယ့် သဘာဝအသီးဖျော်ရည်လုပ်နည်းလေးတွေကို ဝေမျှချင်ပါတယ်။

သရက်သီးဖျော်ရည်

နွေရာသီမှာ သရက်သီးကလည်းပေါဆိုတော့ လုပ်သောက်ရတာ အဆင်ပြေပါတယ်။ သရက်သီးအမှည့်ကို ဖျော်စက်ထဲထည့်ဖျော်ပြီး ရေ၊ နွားနို့ နဲ့ သကြားထည့်ပါ။ ရေခဲတွေထပ်ထည့်ပြီး ဒီဖျော်ရည်ကို သောက်သုံးလို့ရပါတယ်။

သရက်သီးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အရသာလည်းရှိပြီး လတ်ဆန်းမှုကိုပေးမယ့် သရက်သီးဖျော်ရည်ကို သောက်ကြည့်ကြပါ။

သံပုယိုသီး၊သံပုရာသီး ဖျော်ရည်

သံပုယိုသီး၊ သံပုရာသီးတွေက နွေရာသီမှာ လူတွေကို လန်းဆန်းစေပါတယ်။ သံပုယိုသီး သို့ သံပုရာသီးကို ဖန်ခွက်ထဲညှစ်ထည့်လိုက်ပါ။ သကြားအနည်းငယ်ထည့်ပြီး ရေထည့်လိုက်ပါ။ ရေခဲတုံးထည့်ပြီး ဖျော်သောက်လို့ရပါတယ်။

သရက်သီ၊ နာနတ်သီးးနဲ့ ငှက်ပျောသီး Smoothie

သရက်သီးနဲ့ ငှက်ပျောသီးကို ဖျော်စက်နဲ့ ဖျော်လိုက်ပါ။ နာနတ်သီးကိုထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် သံပုရာသီးကို ညှစ်ထည့်လိုက်ပါ။ ရေခဲတုံးလေးတွေထည့်ပါ။ ဒါဆိုရင် အရမ်း အရသာရှိပြီး အဆီဓာတ်နဲ့ ကိုလက်စထရောမပါဝင်တဲ့ ဖျော်ရည်အေးအေးလေးကို ရပါပြီ။

ဖရဲသီး ဖျော်ရည်

နွေရာသီမှာ သင့်ကို လန်းဆန်းသွားစေမယ့် အချိုရည်များ

နွေရာသီမှာ ရေငတ်ရင်တောင် ဖရဲသီးလေးစားလိုက်ရအောင် ရေငတ်ပြေပါတယ်။ ဖရဲသီးမှာ ရေဓာတ်က ၉၀ ရာခိုင်နှုန်းလောက်ပါဝင်နေပါတယ်။

ဖရဲသီးကို ဖျော်စက်ထဲထည့်ဖျော်ပြီး၊ သံပုရာရည်ညှစ်ပါ။ ရေ (ဆိုဒါ ရေ ရရင် ပိုကောင်) နှင့် သကြားနဲ့ ထပ်ထည့်ပါ။ ရေခဲတုံးလေးထည့်ပြီး သောက်လို့ရပါပြီ။

အုန်းရေ

အုန်းရေကတော့ လန်းဆန်းစေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကိုလည်း လန်းဆန်းစေပါတယ်။

သင်္ဘောသီးဖျော်ရည်

သင်္ဘောသီးကို ဖျော်စက်ထဲထည့်ပြီး ဖျော်ပါ။ ပြီးရင် အုန်းနို့နည်းနည်း ထည့်ပါ။လိုအပ်ရင် သကြားနည်းနည်းထည့်ပြီး သင်္ဘောသီးအသားနည်းနည်းထည့်ကာ ဖျော်လိုက်ပါ။ ပြီးရင် ရေခဲထည့်ပြီးသောက်လို့ရပါပြီ။

Credit : www.findhomeremedy.com