ဟောက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တစ်ခုဖြစ်ပြီး ညအိပ်ရတာကို ပိုခက်ခဲစေပါတယ်။ တချို့ လူတွေက တိုးတိုးလေးဘဲ ဟောက်တတ်ပေမယ့် တချို့က ဟောက်သံအရမ်းကျယ်ပါတယ်။ ဒါကြောင့် တခြားသူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

ဟောက်တာကို ဘယ်လိုရပ်တန့်အောင်လုပ်မလဲ

ဟောက်တယ်ဆိုတာဟာ အသက်ရှူလိုက်တဲ့အခါမှာ ၀င်လာတဲ့လေက လည်ချောင်းထဲမှာရှိတဲ့ တစ်ရှူးလေးတွေကို ဖြတ်သန်းသွားတဲ့အခါ တုန်ခါမှုဖြစ်စေပြီး ဒီလိုအသံတွေ ထွက်လာတာပါ။

အကျိတ်အချွဲတွေ၊ တစ်ရှူးတွေ ကြီးနေတာ၊ ရောင်ရမ်းတာတွေကြောင့် အသက်ရှူလမ်းကြောင်းကို ကျဉ်းစေပြီး လေချွန်သံလိုလို အသံတွေ ထွက်နေရတာပါ။

ဟောက်တာသက်သာစေဖို့

Mucus-Clearing-Juice

ပါဝင်ပစ္စည်းများ

  • သံပုရာသီး ၁လုံးရဲ့ ၄ ပုံ ၁ပုံ
  • ဂျင်း ၂ လက်မ
  • ပန်းသီး ၂လုံး
  • မုန်လာဥနီ ၂လုံး

 

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ရေဆေးပါ။ ဂျင်းတွေကို သေးသေးလေးတွေစိတ်ပါ။ အသီးတွေအားလုံးကို လှီးပါ။ ပန်းသီးရဲ့ အလည်အူတိုင်နဲ့ သံပုရာသီးရဲ့ အစေ့တွေကို ဖယ်ရှားပါ။ အားလုံးကို ဖျော်စက်ထဲထည့်ဖျော်ပါ။ ပြီးရင် သောက်လို့ရပါပြီ။ အရသာက အရမ်းပြင်းနေရင် ပျားရည်တစ်ဇွန်းထည့်ပြီး သောက်ပါ။

သံပုရာသီး

Ripe Sliced Lime and Lemon Isolated on White

သံပုရာသီးမှာ အက်ဆစ်ဓာတ်ပါတာကြောင့် ချဉ်တူးနေပေမယ့် သူ့မှာ အကျိအချွဲတွေကို ဖယ်ရှားနိုင်ပြီး အသက်ရှူလမ်းကြောင်းကို ကျယ်အောင်ပြုလုပ်ပေးနိုင်ပါတယ်။

ဂျင်း

Ginger Root Immerwurzel Imber Ginger Ingber

ဂျင်းမှာ ဗားရက်စ်တွေ ဘက်တီးရီးယားတွေကို ဖယ်ရှားတိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် အအေးမိ၊ တုပ်ကွေးကြောင့်ဖြစ်လာတဲ့ အသက်ရှူလမ်းကြောင်းက အကျိအချွဲတွေကို လျှော့ချပေးနိုင်ပါတယ်။

ပန်းသီး

apple-8

ပန်းသီးကို နေ့တိုင်းစားရင် လည်ချောင်းကို ရှင်းစေပြီး ဟောက်တာကို သက်သာစေပါတယ်။

မုန်လာဥနီ

Carrot1

မုန်လာဥနီမှာ ဗီတာမင် အေဓာတ်ပါဝင်တာကြောင့် အသက်ရှူလမ်းကြောင်းထဲက အကျိအချွဲတွေ၊ တစ်ရှူးတွေ ရောင်နေတာကို သက်သာစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင်စီ နဲ့ E တို့ပါဝင်တာကြောင့် အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေကို ကာကွယ်ပေးပါတယ်။

beer-bath

သင်ဟာ ဟောက်သံကျယ်ကျယ်ဟောက်တတ်သူဆိုရင် ညမအိပ်ခင်မှာ ရေနွေးနဲ့ ရေချိုးပြီး ရေများများသောက်ဖို့ လိုအပ်ပါတယ်။