ထောပတ်သီးဖျော်ရည်သောက်ချင်လို့ ထောပတ်သီးဝယ်လိုက်ပေမယ့် ထောပတ်သီးက မမှည့်သေးဘူးဆိုရင် အနံ့ကအစ စိမ်းသက်သက် အနံ့ကြီးဖြစ်နေတာကြောင့် သောက်ရတာ အရသာမရှိပါဘူး။

ထောပတ်သီးက ပုံမှန်အားဖြင့်တော့ အိမ်မှာ ၁ရက်၊ ၂ရက်လောက် ထားလိုက်ရင် မှည့်သွားတတ်ပါတယ်။ အဲ့လောက်ထားဖို့ အချိန်မရှိရင် Tinfoil (အလူမီနီယံ အပြား) နဲ့ ထောပတ်သီး တစ်လုံးလုံးကို ပတ်ထားပါ။

Photo Credit: food-hacks.wonderhowto.com

ဒါမှ လေတွေမထွက်လာမှာဖြစ်ပါတယ်။

ထောပတ်သီးက သဘာဝအားဖြင့် Ethylene ဂက်စ် ထုတ်လွှတ်ပါတယ်။ ဒီဂက်စ်က ငှက်ပျောသီးတွေရော၊ ထောပတ်သီးတွေပါ သဘာဝ နည်းအတိုင်း မြန်မြန်ဆန်ဆန် မှည့်စေပါတယ်။

Photo Credit: food-hacks.wonderhowto.com

သေချာ ပတ်ပြီးပြီးဆိုရင် Oven ထဲကို 200 ံF လောက်နဲ့ ထည့်ဖုတ်လိုက်ပါ။ သေချာ မှည့်တဲ့အထိ လုပ်ဆောင်ပါ။ Oven ရဲ့အပူချိန်နဲ့ Ethylene ဂက်စ်ကြောင့် အသီးရဲ့ အသားက ပိုပြီး နူးညံ့လာပါတယ်။

သဘာဝအတိုင်းမှည့်တာနဲ့တော့ အရသာ အနည်းငယ် ကွဲလွဲမှုတော့ ရှိပါတယ်။ ဒါပေမယ့် ထောပတ်သီးဖျော်ရည်တို့ဘာတို့ ဖျော်သောက်ဖို့တော့ အဆင်ပြေပါတယ်။

Photo Credit: food-hacks.wonderhowto.com