သံပုယိုသီးတို့၊ သံပုရာသီးတို့ကို နေ့စဉ်နဲ့အမျှ အသုံးပြုနေရပေမယ့် အရည်များများထွက်အောင် ညှစ်ဖို့က ထင်သလောက်မလွယ်ပါဘူး။

ဒါပေမယ့် သံပုယိုသီး၊သံပုရာသီးတို့ကို အရည်မညှစ်ခင် ပြင်ညီတစ်ခုပေါ်မှာ အားထည့်ပြီး လက်နဲ့ လှိမ့်လိုက်ပါ။

ဒါဆိုရင် အရည်တွေပို ထွက်လာပါလိမ့်မယ်။

သံပုရာသီးကို အရည်များများညှစ်လို့ရအောင် ဘယ်လို လှီးမလဲ

သံပုရာသီးရဲ့အလယ်အူတိုင်ကိုဘဲ ချန်ပြီး လေးဖက်လေးလံအားလုံးကို လှီးလိုက်ပါ။ ဒီလိုလှီးပြီး အရည်ညှစ်ရင် သံပုရာအရည်များများထွက်ပါတယ်။ သံပုရာရည်ဖျော်သောက်ဖို့ဘဲဖြစ်ဖြစ်၊ မုန့်ဟင်းခါးထဲ သံပုရာသီးညှစ်ထည့်ဖို့ပဲဖြစ်ဖြစ် ဒီနည်းလမ်းက အသုံးဝင်ပါတယ်နော်။

Featured Image Source: KegWorks