ရှားစောင်းလက်ပက်မှာ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတဲ့ ဆေးဘက်ဝင် ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဒါ့ကြောင့် အသားအရေနူးညံ့ချော့မွေ့ဖို့ ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေ အသုံးပြုစရာမလိုပါဘူး။ ရှားစောင်းလက်ပက်နဲ့ ကျန်းမာလှပတဲ့ အသားအရေကို အရယူနိုင်ပါတယ်။
၁။ ရေနဲ့ ဆေးပါ။
ပထမဆုံး ရှားစောင်းလက်ပက်ကို ရေနဲ့ သန့်စင်အောင်ဆေးပါ။
၂။ ပျော့ပြောင်းအောင်လုပ်ပါ။
အဲဒီနောက် ရှားစောင်းလက်ပက်ကို ပျော့ပြောင်းအောင် ခပ်ဖြည်ဖြည်းလေး ထုပေးပါ။
၃။ နှစ်ပိုင်းဖြတ်ပါ။
ရှားစောင်းလက်ပက်ကို အလယ်ကနေ နှစ်ပိုင်းဖြတ်လိုက်ပါ။ အပိုင်းတစ်ခုချင်းစီကို ညီညီဖျက်ပါ။ အဲဒီနောက် ကိုယ်အသုံးပြုမဲ့ ပမာဏကို ဖြတ်ပါ။
၄။ အနားသတ်ကိုဖြတ်ပါ။
အခွံခွာဖို့အတွက် ရှားစောင်းလက်ပက်ရဲ့ အနားသတ်တွေကို ဖြတ်ပေးဖို့လိုပါတယ်။ ဓါးနဲ့ အနားသတ်တွေကို ဖြတ်လိုက်ပါ။ အဲဒီနောက် အရေခွံကို အလွယ်တကူခွာချလို့ပါပြီ။
၅။ အလျားလိုက် လှီးပေးပါ။
အနားသတ်တွေကို ဖြတ်ပြီးတဲ့နောက် ဓါးနဲ့ အလျားလိုက်ကို လှီးပေးပါ။
၆။ အနှစ်ကိုယူပါ။
ဒီအဆင့်မှာတော့ ဇွန်းကိုအသုံးပြုပြီး ရှားစောင်းလက်ပက်ရဲ အနှစ်ကို ယူရမှာဖြစ်ပါတယ်။ ရနိုင်သမျှအနှစ်တွေကို ရယူပါ။ အဲဒီနောက် ပန်းကန်ထဲမှာ ထည့်ပေးထားပါ။
၇။ မျက်နှာပေါ်လိမ်းပေးပါ။
ရှားစောင်းလက်ပက်အရည်အားလုံးကို မျက်နှာပေါ်လိမ်းပေးပါ။ အဲဒီနောက် ၁၅ မိနစ်ကနေ မိနစ် ၂၀ ထိထားပါ။
၈။ မျက်နှာသစ်ပါ။
နောက်ဆုံးမှာတော့ မျက်နှာသစ်ရချရမှာဖြစ်ပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ မျက်နှာသစ်ပါ။ ဆပ်ပြာ နဲ့ တခြား ဓါတုပစ္စည်းတွေပါဝင်တဲ့ မျက်နှာသစ်ဆေးကို မသုံးဖို့ သတိထားရပါမယ်။
၉။ ပြစ်မျိုးမှဲ့မထင် အသားအရေ။
မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေးပါ။ အံ့သြစရာကောင်းတဲ့ ရလာဒ်ကို ရရှိပိုင်ဆိုင်လာမှာဖြစ်ပါတယ်။