အများအားဖြင့် တူနာ အသားညှပ်ပေါင်မုန့်ပဲ လုပ်စားကြလေ့ရှိပေမယ့် ဆန်းသစ်ပြီး အရသာရှိစေမယ့် တူနာနဲ့ ထောပတ်သီး အသားညှပ်ပေါင်မုန့်လေး လုပ်စားကြည့်ရအောင်။
ပါဝင်ပစ္စည်းများ
- ထောပတ်သီး ၁လုံးရဲ့ ၃ ပုံ ၁ပုံ
- သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
- တူနာငါး ၁၂၀ ဂရမ်
- ခရမ်းချဉ်သီး ၂ ဖက်
- ဆလပ်ရွက် လက်တစ်ဆုပ်စာလောက်
- ကြက်သွန်နီ ၁လုံး
- ပေါင်မုန့် ၂ ချပ်
- ဆားနဲ့ ငရုတ်ကောင်းအမည်း အနည်းငယ်
- သံလွင်ဆီ
ပြုလုပ်နည်း
ဆလပ်ရွက်တွေကို အသေးလေးတွေဖြစ်အောင်လုပ်လိုက်ပါ။ ကြက်သွန်နီတွေကို ပါးပါးလှီးပါ။ ပေါင်မုန့်၂ချက်ရဲ့ မျက်နှာပြင်တစ်ဖက်ဆီကို သံလွင်ဆီနဲ့ သုတ်လိုက်ပါ။
ခက်ရင်းနဲ့ ထောပတ်သီးကိုချေလိုက်ပြီး ပေါင်မုန့်ပေါ်မှာသုတ်လိုက်ပါ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ တူနာ၊ ဆလပ်ရွက်တွေကို တစ်ခုချင်းဆီ ပေါင်မုန့်ပေါ်မှာတင်ပါ။ အရသာအပေါ်မူတည်ပြီး ဆား၊ သံပုရာရည်နဲ့ ငရုတ်ကောင်းတို့ကိုထည့်ပါ။
နောက်ထပ်ပေါင်မုန့်တစ်ချက်နဲ့ ညှပ်လိုက်ပါ။
အရသာရှိတဲ့ တူနာ၊ ထောပတ်သီး အသားညှပ်ပေါင်မုန့်လေးရပါပြီ။