ကုလားပဲဆိုတာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ကုလားပဲဟင်း၊ အသုပ်၊ ဟင်းချိုနဲ့ စွပ်ပြုတ်များချက်တဲ့အခါ ကုလားပဲကို အဓိကပါဝင်ပစ္စည်းအနေနဲ့ ထည့်ချက်ကြပါတယ်။

ဒီဆောင်းပါးလေးမှာ ဖော်ပြပေးချင်တာကတော့ သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်အရ ကုလားပဲ နေ့တိုင်းစားသုံးခြင်းကြောင့် ခန္ဓာကိုယ်က ဘယ်လိုပြောင်းလဲမှုတွေကို စတင်ခံစားနိုင်မလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

အရိုးအဆစ်များကို ကျန်းမာသန်စွမ်းစေခြင်း

အရိုးကျန်းမာဖို့ရန်အတွက် ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ဖော့စဖိတ်ဓာတ်နဲ့ ဇင့်ဓာတ်တို့ အချိုးအစားမျှတစွာ လိုအပ်ပါတယ်။ ကုလားပဲထဲမှာ ထိုဓာတ်များအားလုံး ပါဝင်တဲ့အပြင် အရိုးအဆစ်များ ကျစ်လျစ်စေဖို့အတွက် လိုအပ်အပ်တဲ့ ဗီတာမင်ကေဓာတ်လည်း ပါဝင်တဲ့အတွက်ကြောင့် အရိုးအဆစ်များ ကြံ့ခိုင်သန်မာချင်သူများအနေနဲ့ ကုလားပဲကို နေ့စဉ် စားသုံးသင့်ပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

Source: Diabetes.co.uk

ကုလားပဲကို နေ့စဉ်စားသုံးသင့်တဲ့နောက်ထပ်အကြောင်းအရင်းကတော့ သွေးပေါင်ချိန်ကို ထိန်းညှိပေးလို့ပါပဲ။ ကုလားပဲ ၁၀၀ ဂရမ်မှာ ဆိုဒီယမ် ၇ ဂရမ်နှင့် ပိုတက်စီယမ် ၂၉၁ ဂရမ် ပါဝင်တဲ့အတွက်ကြောင့် သွေးပေါင်ချိန် မှန်ကန်အောင် ထိန်းညှိပေးနိုင်ပါတယ်။

နှလုံးရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးခြင်း

ကျန်းမာတဲ့နှလုံးကို ပိုင်ဆိုင်နိုင်ဖို့အတွက် လုံလောက်မျှတသော ဗီတာမင် B6 ၊ ဗီတာမင် စီ၊ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်များ လိုအပ်ပါတယ်။ ကုလားပဲမှ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် B6 နဲ့ ဗီတာမင်စီဓာတ်များ သင့်တင့်မျှတစွာပါဝင်တဲ့အတွက်ကြောင့် ကိုလက်စတောပမာဏကို လျော့ချပေးပြီး နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။

ဒါတင်မကသေးပါဘူး။ ရောင်ရမ်းမှုကို လျော့ချပေးပြီး ကင်ဆာရောဂါမှလည်း ကာကွယ်ပေးနိုင်တဲ့အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးထားနိုင်တဲ့ အစားအစာတစ်ခုဆိုလည်း မမှားပါဘူး။

အစာချေစနစ်ကို တိုးမြှင့်ပေးခြင်း

Source: Unlockfood.ca

အစာချေစနစ် ကောင်းမွန်ဖို့အတွက် မရှိမဖြစ်လိုအပ်တာကတော့ အမျှင်ဓာတ်ပဲဖြစ်ပါတယ်။ ကုလားပဲမှာ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ကုလားပဲကဲ့သို့ အခြားသော ပဲအမျိုးမျိုးမှာလည်း အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

ခန္ဓာကိုယ် သွယ်လျကျစ်လျစ်စေခြင်း

Source: Healthline.com

ကုလားပဲထဲမှာ ပါဝင်တဲ့ ဘယ်အာဟာရဓာတ်က ခန္ဓာကိုယ်သွယ်လျကျစ်လျစ်စေတယ်လို့ ထင်ပါသလဲ။

ဟုတ်ပါတယ်။ အမျှင်ဓာတ်ပါ။ သူ့ရဲ့အမျှင်ဓာတ်က အစားစားချင်စိတ်ကို အဆာခံအောင် ကူညီပေးပြီး အချိန်အကြာကြီး ဗိုက်ပြည့်အောင် ကူညီပေးပါတယ်။ ၂၀၁၆ က ပြုလုပ်ထားတဲ့ သုတေသနပြုချက်အရ ကုလားပဲထဲမှာ ကိုယ်အလေးချိန် ထိန်းညှိဖို့အတွက် လိုအပ်တဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ပရိုတင်းဓာတ်များ သင့်တင့်မျှတစွာပါဝင်တဲ့အတွက်ကြောင့် ဝိတ်ချဖို့အတွက် အသင့်တော်ဆုံး အစားအစာဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

စာဖတ်သူတို့အနေနဲ့လည်း ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးများကြောင့် ကုလားပဲကို စားသုံးကြသလဲဆိုတာကို ဝေမျှပေးခဲ့ကြပါဦး။

Source: Powerofpositivity.com