Joe Bernstein တစ်ယောက် အသက် ၂၅ နှစ်မှာ ကိုယ်အလေးချိန် ပေါင် ၃၄၀ လောက် ရှိနေပါတယ်။
ဘယ်လို ဝိတ်ချချမကျဘူးဖြစ်နေပါတယ်။ အဲ့ဒီအချိန်မှာ ဂျိုးတစ်ယောက် ရိုးရှင်းတဲ့ သူလုပ်နေကျ အလေ့အကျင့်ကို ပြောင်းလဲလိုက်တဲ့အခါမှာ ဂျိုးရဲ့ဘဝလည်းပြောင်းလဲသွားပါတယ်။
ကျန်းမာရေးလည်းပိုကောင်းလာပြီး ဘဝအခြေအနေတွေလည်း ပြောင်းလဲသွားပါတယ်။ အခုဆိုရင် Personal Trainer တစ်ယောက်အဖြစ်လုပ်ကိုင်နေပြီး ဘဝတူတွေကိုကူညီနေတစ်ဦးပါ။
ဘာတွေပြောင်းလဲလိုက်သလဲ
ကယ်လိုရီပါဝင်မှုများတဲ့ အချိုရည်တွေကို ရှောင်ကြဉ်
ဆိုဒါတွေ ချိုတဲ့ ဖျော်ရည်တွေကို မသောက်တော့ပါဘူး။ အဲ့ဒီအစား ရေပဲ သောက်သုံးတော့ပါတယ်။ ဒီလိုနည်းနဲ့ ၃လအတွင်းမှာ ၄၈.၅ ပေါင် ကျဆင်းသွားပါတယ်။ တခါတလေ သတိမထားမိဘဲ ဒီလို အချိုရည်တွေ ကယ်လိုရီ ၂ထောင်လောက် သောက်နေမိတတ်ပါတယ်။
အပြင်စာတွေဘဲ စားနေခြင်း
အိမ်မှာ လွယ်ကူစွာ ချက်ပြုတ်နိုင်တဲ့ အစားအစာတွေကို ချက်ပြုတ်ပြီး အလုပ်ကို သယ်သွားပါ။
စက်ဘီးစီးပါ
လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိရင် ရုံးသွားရုံးပြန် စက်ဘီးစီးပါ။ စက်ဘီးစီးရင် တစ်နေကုန် တင်းနေတဲ့ အကြောတွေပြေစေပါတယ်။ ကားပိတ်တဲ့အခါမှာ အချိန်ကုန်လည်းသက်သာစေပါတယ်။
အရသာရှိတဲ့ ဟင်းလျာတွေ ဘယ်လို ချက်ပြုတ်ရမလဲ လေ့လာပါ။
ဟင်းချက်တဲ့နေရာမှာ ပျော်မွေ့အောင် ကြိုးစားပါ။ အင်တာနက်၊ ဟင်းချက်ပွဲတွေကနေ တစ်ဆင့် ဟင်းလျာချက်ပြုတ်နည်း အသစ်တွေ လေ့လာလို့ရပါတယ်။
သဘာ၀ အစားအစာတွေကို တန်ဖိုးထားပါ။
စက်ရုံထုတ် အစားအစာတွေထက် မြေကြီးကထွက်တဲ့ အစားအစာတွေကို ပိုစားပါ။ အသီးအရွက်တွေ၊ သီးနှံတွေကို များများစားပေးရင် ကိုယ်အလေးချိန် ကျစေပါတယ်။
ခွေးနဲ့အတူ လမ်းလျှောက်ပါ
မနက်ဆိုရင် ခွေးလေးနဲ့အတူလမ်းလျှောက်တာဟာ ဇီဝကမ္မဖြစ်စဉ်နဲ့ ဦးနှောက်ကို အားကောင်းစေပါတယ်။
တတ်နိုင်ရင် Organic အစားအစာတွေ စားပါ
Organic အစားအစာတွေက ဈေးကြီးပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင် အိမ်မှာ ချက်စားရင် အပြင်မှာ ဝယ်စားတာထက် ဈေးပိုသက်သာပါတယ်။ ပိုထွက်လာတဲ့ ပိုက်ဆံကို Organic အစားအစာတွေ ဝယ်စားရင် အာဟာရပိုရှိပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ရာရောက်ပါတယ်။